မနက်စာ စားသုံးတဲ့အခါ ပေါ့ပေါ့ပါးပါး အစားအစာလေးလည်း ဖြစ်အောင် အာဟာရလည်း ပြည့်ဝပြီး အရသာလည်း ကောင်းမွန်စေမယ့် တရုတ်ထမင်းကြော်လေး ကြော်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

• ထမင်း ပန်းကန်လုံး ၆ လုံးစာ
• ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
• ဝက်ပေါင်ခြောက် အနည်းငယ် (အန်စာတုံးငယ် ပုံသဏ္ဍာန် ခပ်သေးသေးတုံးထားပါ)
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

• ပုစွန် ၈ ကောင် ခန့် (အခွံခွာပြီး ရေစင်အောင် ဆေးထားပါ)
• မုန်လာဥနီ ၂ လုံး (အန်စာတုံးငယ် ခပ်သေးသေးတုံးထားပါ)
• ရွှေပဲသီး အနည်းငယ်
• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ရွှေပဲသီးနှင့် မုန်လာဥနီတို့ကို ထည့်ကြော်လိုက်ပါ။ ဟင်းသီးဟင်းရွက်များ နူးညံ့ပျော့ပျောင်းသွားပါက ပန်းကန်လုံးထဲပြာင်းထည့်လိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်လိုက်ပါ။ ထို့နောက် ပုစွန်များ ထည့်ကြော်လိုက်ပါ။ ပုစွန်များ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

၃။ ထိုဒယ်အိုးထဲသို့ပင် ထမင်းများထည့်ပြီး ကြော်လိုက်ပါ။ ထမင်းများကို အလယ်တည့်တည့်တွင် အပေါက်လေးဖောက်ထားလိုက်ပါ။ ထိုအလယ်ဗဟိုတည့်တည့်သို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေခလောက်ထားသော ကြက်ဥများ ထည့်လိုက်ပါ။ ထို့နောက် ကြက်ဥနှင့် ထမင်းများကို သမအောင် ရောကြော်လိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ရွှေပဲသီး၊ မုန်လာဥနီ၊ ဝက်ပေါက်ခြောက်၊ ပုစွန်၊ ပဲငံပြာရည်အကြည်၊ ဆားနျင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ရောကြော်လိုက်ပါ။ အရသာ အပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ ကြက်သွန်မြိတ်လေးများထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ တရုတ်ထမင်းကြော်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com