အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တရုတ်အစားအစာ ကြိုက်နှစ်သက်သူများအတွက် ဝက်သားစဉ်းကော ခရမ်းသီးနှပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၂ လုံး
  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာနှင့် ကြက်သွန်မြိတ် ၁ ပင်
  • ငရုတ်သီးစိမ်း ၃ တောင့်
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းဖြင့် ရောမွှေထားကာ ပြောင်းမှုန့်ရည်ဖြင့် ရအောင် ပြုလုပ်ထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်သွန်ဖြူ ၄ မြွှာကို နုပ်နုပ်စဉ်းပြီးနောက် ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။

၂။ ကြက်သွန်မြိတ်နှင့် ခရမ်းသီးတို့ကို ရေဆေးပါ။ ထို့နောက် ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ခရမ်းသီးကိုလည်း အနေတော်အတုံး လှီးဖြတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ခရမ်းသီးများထည့်ကာ အဖုံးအုပ်ထားပြီး ၁ မိနစ်ခန့်တည်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်ခန့် ကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ ဆီပူလာပါက ဝက်သားစဉ်းကော၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုကပါ။

၅။ ထို့နောက် ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ ရေ စားပွဲတင်ဇွန်း ၈ ဇွန်း၊ ပြောင်းမှုန့်အရည်တို့ထည့်ကာ သမအောင် မွှေပါ။ နောက်ဆုံးအဆင့်အနေနဲ့ ခရမ်းသီး၊ ကြက်သွန်မြိတ်တို့ထည့်ကာ ပဲငံပြာရည်တို့ဖြင့် သမအောင် ရောမွှေပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားစဉ်းကော ခရမ်းသီးနှပ်လေး ရရှီသွားပါပြီ။

Source: Ohmyfoodrecipes.com