အားလုံးပဲ မင်္ဂလာပါ။ ဟင်းသီးဟင်းရွက်သုပ်လေးကိုမှ အရသာရှိရှိစားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ် ခရမ်းသီးသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ခရမ်းသီး ၂ လုံး
• ငရုတ်သီးအရှည် ၁၁ တောင့် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၃ မြွှာ (ဓားဖြင့် ပြားနေအောင် ဖိလိုက်ပြီးနောက် နုပ်နုပ်စဉ်းလိုက်ပါ)
• တရုတ်နံနံ ၁ စည်း (ပါးပါးလှီးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

အချဉ်ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

• ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း တစ်ဇွန်း
• နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• ရေနွေး စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးရဲ့ ထိပ်ပိုင်းနှစ်ဖက်ကို လှီးဖြတ်ပြီးနောက် ၈ စင်တီမီတာအရှည် အစိပ်များ စိပ်လိုက်ပါ။

၂။ ထို့နောက် ခရမ်းသီးများနူးအိသွားဖို့ရန်အတွက် ပေါင်းအိုးထဲမှာ ၁၅ မိနစ်ခန့် ထည့်ပေးလိုက်ပါ။

၃။ အချိန်ပြည့်သွားပါက ခရမ်းသီးများကို ပေါင်းအိုးထဲမှ ထုတ်ပြီး အအေးခံလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်သီးများထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ကြက်သွန်ဖြူ ထည့်ပြီး ၁ မိနစ်ခန့် ထပ်မံဆီသတ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်သွန် ငရုတ်ဆီများကို အချဉ်ပန်းကန်ထဲ ပြောင်းထည့်ပေးလိုက်ပါ။ ထို့နောက် ထိုအချဉ်ပန်းကန်ထဲသို့ ပဲငံပြာရည်၊ နှမ်းဆီ၊ ရှာလကာရည်၊ ဆားနှင့် ရေနွေးတို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၆။ ရရှိလာတဲ့ အချဉ်ဆော့စ်ကို ခရမ်းသီးပေါ် လောင်းချပြီး အချဉ်များ ခရမ်းသီးထဲ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။

အချိန်ပြည့်သွားပါက တရုတ်နံနံလေး ဖြူးထည့်ပြီး ထမင်းနဲ့ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com