အားလုံးပဲ မင်္ဂလာပါ။ အကင်ချစ်သူများအတွက်ရော အာလူးချစ်သူတွေအတွက်ပါ အကြိုက်တွေ့သွားစေမယ့် အာလူးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၂ လုံး (အရှည်လိုက် ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်သီးမှုန့်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ လင်ဗန်းအကြီးပေါ်တွင် အာလူးများကို ဖြန့်ကျဲထားပြီး သံလွင်ဆီ ဆမ်းထားလိုက်ပါ။ ထို့နောက် အာလူးများကို အခြားတစ်ဖက်သို့လှန်ကာ သံလွင်ဆီ ထပ်ဆမ်းပေးရပါမယ်။

၂။ နောက်တစ်ဆင့်အနေနဲ့ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ဖြူးပေးလိုက်ပါ။

၃။ အကင်မီးဖိုကို အပူပေးပါ။ ထို့နောက် အာလူးပြားများကို မီးဖိုပေါ်တွင် ကင်ပေးလိုက်ပါ။ အာလူးပေါ်တွင် ထောပတ်အနည်းငယ် တင်လိုက်ကာ ထောပတ်အရည်ပျော်သွားသည်အထိ ကင်ပေးရပါမယ်။

ထောပတ်အရည်ပျော်အောင် စောင့်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူးကင်လေး ရရှိသွားပါပြီ။

ရရှိလာတဲ့ အာလူးပြားများကို ပန်းကန်ပြားထဲထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Omnivorescookbook.com