အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ်ဟင်းရည်တစ်မျိုးဖြစ်တဲ့ မှိုဟင်းရည် ပူပူစပ်စပ်လေး ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ပြုတ်ရည် (သို့) ကြက်ပြုတ်ရည် ၂ လီတာ
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေထားပါ)
  • ရှီတာကီမှို ပန်းကန်လုံး ၂ လုံးစာ (ပါးပါးလှီးထားပါ)
  • မျှစ် ၈ အောင်စ
  • တို့ဟူး ၄ အောင်စ (လက်မဝက်ပတ်လည်အတုံး တုံးထားပါ)

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ချီလီကြက်သွန်ဖြူဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်
  • ဆန်ဝိုင်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှာလကာရည်အမဲ စားပွဲတင်ဇွန်း တစ်ဝက်မှ တစ်ဇွန်းခွဲ
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးကို အပူပေးပြီးနောက် ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။ ဆူပွက်လာပြီဆိုတာနဲ့ မှို၊ မျှစ်နှင့် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံး ထည့်ကာ ဆူပွက်လာအောင် ထပ်စောင့်ပါ။

၂။ ဆူပွက်လာပြီဆိုတာနဲ့ ပြောင်းမှုန့်အရည်ထည့်ပါ။ ထို့နောက် ထပ်ဆူလာအောင် တည်ပါ။

၃။ တစ်ဖန် မွှေခလောက်ထားသော ကြက်ဥများထည့်ကာ သမအောင် ထပ်မွှေပါ။

၄။ ထို့နောက် တို့ဟူး ထည့်ပါ။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ပဲငံပြာရည် (သို့) ရှာလကာရည်တို့ ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှိုဟင်းရည် ပူပူစပ်စပ်လေး ရရှိသွားပါပြီ။

Source: Drivemehungry.com