အားလုံးပဲ မင်္ဂလာပါ။ ၃ မိနစ်နဲ့ ပြုတ်စားလို့ရတဲ့ အသင့်စားခေါက်ဆွဲပြုတ်က ပြုလုပ်ရလွယ်ကူပြီး အရသာရှိပေမယ့် အချိန်ကြာလာသည်နဲ့အမျှ ကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ကြက်ပြုတ်ရည်နဲ့ သေသေချာချာလေး ပြုတ်ထားတဲ့ ကြက်သား ခေါက်ဆွဲပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄၈ ဇွန်း
 - ကြက်သွန်ဖြူ ၂ မြွှာ (ဓားပြားရိုက်ထားပါ)
 - လက်မဝက်ပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
 - ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
 - သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
 
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
 - နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
 - ခေါက်ဆွဲ ၁၈၀ ဂရမ်
 - မုန်ညှင်း (သို့) မိမိကြိုက်နှစ်သက်ရာ ဟင်းရွက်တစ်မျိုး
 - အသားနွှင်ပြီးသား ကြက်သားပြုတ် ပန်းကန်လုံး ၁ လုံးစာ
 
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ သကြား၊ ဟင်းချက်ဝိုင်နှင့် နှမ်းဆီတို့ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ၈ မိနစ်မှ ၁၀ မိနစ်ခန့် အပူပေးလိုက်ပါ။
၂။ ခေါက်ဆွဲကိုတော့ အထုပ်ပေါ်က အညွှန်းအတိုင်း ပြုတ်ထားလိုက်ပါ။
၃။ မုန်ညှင်းရွက်ကိုလည်း အနေတော်အရွယ်အစားခန့် လှီးဖြတ်ထားပါ။ ထို့နောက် မုန်ညှင်းရွက်ကို ခေါက်ဆွဲ ပြုတ်တဲ့ရေထဲ (သို့) ကြက်ပြုတ်ရည်ထဲတွင် ၁ မိနစ်ခန့် ပြုတ်ပြီး ဆယ်ယူထားပါ။
၄။ ကြက်ပြုတ်ရည်ထဲရှိ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ခပ်ထုတ်လိုက်ပါ။
၅။ ရရှိလာတဲ့ ခေါက်ဆွဲပြုတ်ကို ပန်းကန်လုံးထဲ ထည့်ပါ။ ကြက်သားပြုတ်နှင့် မုန်ညှင်းရွက်တို့ကို အပေါ်ကနေ တင်ထားလိုက်ပါ။ ထို့နောက် ကြက်ပြုတ်ရည်လေး ဆမ်းထည့်လိုက်ပါ။
စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီးအနှစ် (သို့) ငရုတ်သီးတောင့်လည်း ထည့်ကာ ရှူးရှူးရှဲရှဲလေး စားသုံးနိုင်ပါတယ်။
Source: Recipetineats.com
											
				
									

