အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဝေမျှပေးချင်တဲ့ ဟင်းချက်နည်းလေးကတော့ တရုတ်စတိုင်လ် ထမင်းကြော်ပဲဖြစ်ပါတယ်။ မနက်စာအဖြစ် စားသုံးတဲ့အခါ အာဟာရပြည့်ဝစေမယ့် အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Cliftonmeats.com

  • ဝက်အူချောင်း ၂ ချောင်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ကြက်သွန်မြိတ် တစ်ပင်
  • ရွှေပဲလုံးစိမ်း ၁၂၀ ဂရမ် (၄ အောင်စခန့်)
  • ရေ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

  • ထမင်း ၄၀၀ ဂရမ် (၁၄ အောင်စခန့်)
  • ပဲငံပြာရည် အကြည်နှင့် ပဲငံပြာရည် အနှောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ
  • ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်အူချောင်းများကို ထောင့်ဖြတ်မျဉ်းအလိုက် ပါးပါးလှီးထားလိုက်ပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ။

၂။ ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ၊ ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ ဆားနှင့် ရေ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကျက်လာပါက ကြက်သွန်မြိတ်နှင့် ဝက်အူချောင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်လိုက်ပါ။

၄။ ထို့နောက် အိုးထဲသို့ ထမင်းနှင့် ရွှေပဲလုံးလေးများထည့်ပြီး သမအောင် ကြော်ပေးလိုက်ပါ။

၅။ စောစောက ရောမွှေထားသော ပဲငံပြာရည်လေေးများ လောင်းထည့်ပြီး ထမင်းအနှံ့ သမအောင် ကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်အူချောင်းနဲ့ ကြော်ထားတဲ့ တရုတ်ထမင်းကြော်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Redhousespice.com