အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပုစွန်ကို မုန်လာဥနီနဲ့သမအောင် နယ်ဖတ်ပြီး အရသာရှိတဲ့ ပုစွန်အသားလုံးကြော် ရရှိအောင် ဘယ်လိုကြော်မလဲဆိုတာကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင် (အခွံခွာပြီး ရေစင်အောင် ဆေးကြောထားလိုက်ပါ)
  • မုန်လာဥနီ ၅၀ ဂရမ်
  • နံနံပင် ၁၅ ဂရမ် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အခွံခွာထားသော ပုစွန်ကို အနေတော် ခုတ်ပိုင်းထားလိုက်ပါ။ (သေးလွန်းတဲ့အထိတော့ နုပ်နုပ်စဉ်းစရာမလိုပါဘူး။)

၂။ မုန်လာဥနီကို ထက်ဝက်ပိုင်းပြီးနောက် တစ်ဝက်စီကို ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ထို့နောက် ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် ၂ မိနစ်ခန့် ထည့်ပြုတ်ပေးလိုက်ပါ။ အချိန်ပြည့်သွားပါက မုန်လာဥနီကို ဆယ်ယူပြီး အန်စာတုံးပုံသဏ္ဍာန် အတုံးငယ် တုံးထားလိုက်ပါ။

၃။ ဇလုံအကြီးတစ်လုံးထဲတွင် ပုစွန်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဂျင်း၊ ဟင်းချက်ဝိုင်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ နှမ်းဆီ၊ သကြားနှင့် ပြောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ဖတ်ထားလိုက်ပါ။ ထို့နောက် ပုစွန်များကို လုံးပေးထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက နယ်ထားသော ပုစွန်လုံးများကို ထည့်ကြော်ပေးလိုက်ပါ။ (ပုစွန်ကို အလုံးလိုက်အတိုင်း ကြော်လို့လည်းရသလို၊ ယောင်းမနဲ့ဖိကာ အပြားလိုက်ကြော်ချင်လည်း ရပါတယ်။)

၅။ ပုစွန်အသားလုံး တစ်လုံးချင်းစီကို ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။ ထိုအသားလုံးများ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန်အသားလုံးကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com