အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငါးဟင်းကြိုက်နှစ်သက်သူများအတွက် ဆွေမျိုးမေ့သွားစေမယ့် ခရမ်းချဉ်သီး ငါးဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးကြင်း ၁၀၀၀ ဂရမ် (အတုံးခပ်သေးသေး တုံးထားပါ)
- ခရမ်းချဉ်သီး ၂ လုံး (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
- မှို ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
- နံနံပင် ၁ စည်း (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၄ မြွှာ၊ ကြက်သွန်နီ ၁ ဥ၏ ၄ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
- ကြက်ဥ အကာ ၁ လုံး
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ ဟင်းချက်ဝိုင်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥအကာနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ငါးများထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ပြီးရင်တော့ တစ်နာရီခန့် နှပ်ထားလိုက်ပါ။
၂။ ခရမ်းချဉ်သီးကို အနေတော်အတုံးလှီးထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီးထည့်ကာ မီးအေးအေးဖြင့် ၇ မိနစ်၊ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ ခရမ်းချဉ်သီးအတုံးများမှ အရည်ထွက်လာသောအခါ ရေနွေး ၂ လီတာထည့်ကာ မိနစ် ၂၀ ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။
၃။ ပွက်ပွက်ဆူလာပါက ငါး၊ နံနံပင်၊ ကြက်သွန်နီနှင့် မှိုတို့ထည့်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်လိုက်ပါ။
ဟင်းရည်ရဲ့ အရသာအပေါ့အငန်ကို မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ဆွေမျိုးမေ့သွားစေမယ့် ခရမ်းချဉ်သီး ငါးဟင်းတစ်ခွက် ရရှိသွားပါပြီ။
ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Chinasichuanfood.com