အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငါးဟင်းကြိုက်နှစ်သက်သူများအတွက် ဆွေမျိုးမေ့သွားစေမယ့် ခရမ်းချဉ်သီး ငါးဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း ၁၀၀၀ ဂရမ် (အတုံးခပ်သေးသေး တုံးထားပါ)
  • ခရမ်းချဉ်သီး ၂ လုံး (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
  • မှို ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • နံနံပင် ၁ စည်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ၊ ကြက်သွန်နီ ၁ ဥ၏ ၄ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဥ အကာ ၁ လုံး
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ ဟင်းချက်ဝိုင်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥအကာနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ငါးများထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ပြီးရင်တော့ တစ်နာရီခန့် နှပ်ထားလိုက်ပါ။

၂။ ခရမ်းချဉ်သီးကို အနေတော်အတုံးလှီးထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီးထည့်ကာ မီးအေးအေးဖြင့် ၇ မိနစ်၊ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ ခရမ်းချဉ်သီးအတုံးများမှ အရည်ထွက်လာသောအခါ ရေနွေး ၂ လီတာထည့်ကာ မိနစ် ၂၀ ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ပွက်ပွက်ဆူလာပါက ငါး၊ နံနံပင်၊ ကြက်သွန်နီနှင့် မှိုတို့ထည့်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်လိုက်ပါ။

ဟင်းရည်ရဲ့ အရသာအပေါ့အငန်ကို မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ဆွေမျိုးမေ့သွားစေမယ့် ခရမ်းချဉ်သီး ငါးဟင်းတစ်ခွက် ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com