အားလုံးပဲ မင်္ဂလာပါ။ ဟင်းသီးဟင်းရွက်စုံစုံလင်လင်ကို အရသာရှိရှိ ကြော်စားချင်သူများအတွက် မှို၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွတို့ကို စပ်စပ်လေးနဲ့ အရသာရှိအောင် ဘယ်လိုချက်ပြုတ်နိုင်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းဂေါ်ဖီစိမ်း ၁ ပေါင် (အနေတော်အတုံးများ တုံးထားလိုက်ပါ)
  • မှို ၇ အောင်စ (ပင်စည်ကို ဖယ်ရှားပြီး ပါးပါးလှီးထားပါ)

  • ငရုတ်ပွအနီ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရေ၊ ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ သကြား၊ ပြောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ အိုးတစ်လုံးတွင် ရေထည့်ပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီစိမ်းထည့်ပြီး ၂ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

ပြုတ်ပြီးသွားသော ပန်းဂေါ်ဖီစိမ်းများကို ရေဖြင့် တစ်ခါ ထပ်ဆေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက မှိုနှင့် ငရုတ်ပွတိုပထည့်ပြီး ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်းသာ)နှင့် ဂျင်းတို့ထည့်ပြီး စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၅။ ပြီးရင်တော့ ပန်းဂေါ်ဖီစိမ်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၆။ ထို့နောက် အဆင့် (၁) က ဖျော်ထားသေ ဆော့စ်များ လောင်းထည့်ကာ စက္ကန့် (၃၀) ခန့် သမအောင် မွှေပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ မှို ပန်းဂေါ်ဖီစိမ်းကြော် တစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com