အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းပူပူလေးနဲ့ အင်မတန်လိုက်ဖက်တဲ့ ဝက်ပေါင်ခြောက် ကျောက်ဖရုံသီးဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကျောက်ဖရုံသီး ဝ.၅ ပေါင်
  • ရှီတာကီမှိုခြောက် ၄ ပွင့်
  • ကြက်ပြုတ်ရည် ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ဂျင်း ၃ ပြား
  • ဝက်ပေါင်ခြောက် ပန်းကန်လုံး ၄ ပုံ ၁ ပုံစာ (စားပွဲတင်ဇွန်း ၄ ဇွန်း)

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (၁ လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကျောက်ဖရုံသီးကို ရေဆေးပြီးနောက် အခွံခွာပါ။ အစေ့နှင့် အဖတ်များကို ဖယ်ရှားကာ ၂ လက်မပတ်လည်အတုံး တုံးထားပါ။

၂။ ကျောက်ဖရုံသီးများကို ရေအပြည့်ထည့်ထားသော အိုးထဲ ထည့်ပြီးနောက် မိနစ် ၂၀ ခန့် ဆူပွက်လာအောင် တည်ထားပါ။

၃။ ရေအေးအေး ထည့်ထားသော ပန်းကန်လုံးထဲသို့ ရှီကာကီမှိုခြောက်များထည့်ကာ မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက မှိုများကို အရည်စင်အောင် ညှစ်လိုက်ပါ။

၅။ ထို့နောက် ကျောက်ဖရုံသီး တည်ထားသော အိုးထဲသို့ မှို၊ ကြက်ပြုတ်ရည်၊ ဂျင်းနှင့် ဝက်ပေါင်ခြောက်တို့ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

၆။ မိနစ် ၂၀ ခန့် တည်ထားပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ကျောက်ဖရုံသီးဟင်းရည်လေး ရရှိသွားပါပြီ။

ထမင်းစားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

Source: Thespruceeats.com