အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်ဥ အာလူးမီးဖုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။ သွားရေစာမုန့်အနေနဲ့လည်း စားသုံးနိုင်သလို ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်တဲ့ အရသာရှိတဲ့အစားအစာလေးပဲဖြစ်ပါတယ်။

မိမိအိမ်မှာ Oven တစ်လုံးရှိရုံနဲ့ အလွယ်လေး လုပ်စားနိုင်မယ့် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၈ လုံး
  • ကြက်သွန်နီ ၂ ဥ
  • ကြက်ဥ ၆ လုံး
  • ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက် (၂၀၀ ဒီဂရီစင်တီဂရိတ်)ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲ ထည့်ဖုတ်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ အာလူးနှင့် ကြက်သွန်နီတို့ကို အချောင်းလိုက် ပါးပါးလှီးထားပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများကို မွှေခလောက်ပြီးနောက် ဆီ၊ ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ထို့နောက် ထိုကြက်ဥပန်းကန်လုံးထဲသို့ အာလူးနှင့် ကြက်သွန်နီတို့ထည့်ကာ ယောင်းမဖြင့် သမအောင် နယ်လိုက်ပါ။

၅။ ရရှိလာတဲ့ အာလူး ကြက်ဥအရောအနှောကို ဆီသုတ်ထားသော လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် မျက်နှာပြင်ကို ညီညာအောင် ညှိပေးလိုက်ပါ။

၆။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲတွင် ၁ နာရီခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥ အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။

ဓားဖြင့် အညီအမျှ လှီးဖြတ်ပြီးနောက်မှာတော့ ပန်းကန်ပြားထဲထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com