အားလုံးပဲ မင်္ဂလာပါ။ အိုမီဂါသရီး ဖက်တိအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို ဒီတစ်ခါမှာတော့ အုန်းနို့အရသာလေး စိမ့်ဝင်နေအောင် ဘယ်လိုချက်စားမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာနှင့် ဂျင်းတုံး အသေးတစ်တုံး
  • ညှက်အောင်ထောင်းထားသော စပါးလင်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆော်လမွန်ငါး ၁ ပေါင်ခွဲ
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အုန်းနို့ စည်းသွပ်ဘူးတစ်ဘူး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုရာရည်
  • ဟင်းနုနွယ် တစ်စည်း (အရွက်နှင့် ရိုးတံတို့ကို ချွေထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ သကြားညို၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဆားနှင့် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ဆော်လမွန်ငါးကို ထိုဆော့စ်အရည်များဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ငါးကို ခဲဖတ်ဖြင့် အုပ်ထားပြီးနောက် Oven ထဲတွင် ၆ မိနစ်၊ ၁၂ မိနစ်ခန့် ထည့်ဖုတ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ကျန်ရှိနေသော သံလွင်ဆီများကို အိုးထဲထည့်ကာ အပူပေးလိုက်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်နှစ်တို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ငရုတ်သီးအနှစ်နှင့် သကြားညိုထည့်ကာ ၃ မိနစ်ခန့် ဆက်မွှေပေးလိုက်ပါ။ အုန်းနို့ထည့်ပြီးနောက် ငါးငံပြာရည်နှင့် သံပုရာရည်ထည့်ကာ သမအောင် ထပ်မွှေပေးရပါဦးမယ်။ နောက်ဆုံးမှာတော့ ဟင်းနုနွယ်ရွက်ထည့်ကာ ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဆော်လမွန်ငါးကို ထမင်းပေါ် တင်ထားပြီးနောက် စောစောက အုန်းနို့အနှစ်နှင့် ဟင်းနုနွယ်ရွက်များကို ငါးပေါ်သို့ ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းနို့အရသာ ဆော်လမွန်ငါးကို ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Pinchofyum.com