ရွှေဖရုံသီး ကိုလည်း မုန်လာဥနီ နဲ့တွဲပြီး ရေချိုပုစွန်ခေါင်းပိုင်းလေးတွေနဲ့ရောချက်တဲ့အပြင် အုန်းနို့လေးပါ အနည်းငယ်ထည့်ချက်ထားတာမို့သာမန် ရွှေဖရုံသီးဟင်းတွေထက် အရသာပိုထူးစေမှာပါ..ရှမ်းနံနံ နဲ့ထင်းရှူးစေ့ လေးကိုတော့ ရှမ်းပြည်အမှတ်တရ ထည့်ချက်လိုက်တာပါ…ရွှေဖရုံသီး ကို ဟင်းချို အနေနဲ့ဥရောပ အစားအစာတွေမှာတည်ခင်းတဲ့အခါ Pine Nut လို့ခေါ်တဲ့ ထင်းရှူးစေ့ လေးတွေထည့်စားတဲ့ အလေ့အဓ ကို မြန်မာမှု ့ပြုလိုက်တာပါ…အခုလိုဟင်းလျှာတွေ ကို ရောစပ် ပြင်ဆင်တဲ့ ဟင်းချက်နည်းတွေကို Fusion ဟင်းလျှာတွေလို့ခေါ်ပါတယ်…ကဲ..ထူးခြားတဲ့ ပုစွန်အုန်းနို့ချက် နဲ့Fusion ရွှေဖရုံသီး နှပ်လေး စချက်ကြရအောင်…OK.!

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး – တစ်စိတ်
  • မုန်လာဥနီ – ၁ လုံး
  • ကြက်သွန်နီ – ၁ လုံး
  • ကြက်သွန်ဖြူ – ၅ တက်
  • ငရုတ်သီးခြောက် – ၂ တောင့်
  • ချင်း – အနည်းငယ်
  • ပဲဆီ – ၂ ဇွန်း
  • ထင်းရှူးစေ့ – အနည်းငယ်
  • ရှမ်းနံနံ – အနည်းငယ်
  • ကြက်သားမှုန့် – ၁ ဇွန်း
  • ငါးငံပြာရည် – ၁ ဇွန်း
  • နနွင်းမှုန့် – ၁ ဇွန်း
  • ဆား – ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် – နည်းငယ်
  • ရေသန့် – ၅၀၀ မီလီ လီတာ
  • အုန်းနို့ – ၂ ဇွန်း

ပြုလုပ်နည်း

  1. ရွှေဖရုံသီးနှင့် မုန်လာဥနီကို အတုံးညီစွာလှီး၍ ရေစိမ်ထားပါ။
  2. အိုးထဲသို့ ပဲဆီ၊ နနွင်းမှုန့်၊ အသင့်ထောင်းထားသော ငရုတ်သီးအနှစ်တို့ကို ဆီသတ်ပြီး၊ သန့်စင်ထားသော ပုဇွန်ခေါင်း၊ ရွှေဖရုံသီးနှင့် မုန်လာဥနီတို့ကို ထည့်ပါ။
  3. အရသာအတွက် ငါးငံပြာရည်၊ ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။
  4. ရွှေဖရုံသီးနူးလျှင် အုန်းနို့ (၂)ဇွန်း ထည့်ပါ။
  5. ပြီးနောက် ရှမ်းနံနံနှင့် ထင်းရှူးစေ့ အနည်းငယ်ထည့်၍ သုံးဆောင်နိုင်ပါသည်။