အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်ငါး ကြိုက်နှစ်သက်သူတွေ လျှာလည်သွားစေမယ့် ခရမ်းချဉ်သီး ပင်လယ်ငါးဟင်း ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပင်လယ်ငါး ၁ ပေါင်ခွဲ (အတုံးကြီး တုံးထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ချယ်ရီခရမ်းချဉ်သီး ၁ ပေါင် (ထက်ခြမ်း ခြမ်းထားပါ)

  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)
  • နံနံပင်အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပင်လယ်ငါးရဲ့ နှစ်ဖက်ခြမ်းစလုံးကို ဆား၊ ငရုတ်သီးမှုန့်တို့ဖြင့် နယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။ ဆီပူလာပါက ငါးအတုံးများထည့်ကာ ၄ မိနစ်မှ ၇ မိနစ်ခန့်အထိ ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၄ မိနစ်မှ ၇ မိနစ်ခန့်အထိ ဆက်ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲရှိ ဆီပိုများကို ခပ်ထုတ်လိုက်ပါ။ ပြီးရင်တော့ ဒယ်အိုးကို မီးဖိုပေါ်က ချထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ အခြားဒယ်အိုးတစ်လုံးဖြင့် ခရမ်းချဉ်သီးဆော့စ်များ ပြုလုပ်ပေးရပါမယ်။

ဒယ်အိုးထဲတွင် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ခရမ်းချဉ်သီးများထည့်ကာ ၁၀ မိနစ်ခန့် တည်ထားပါ။ ခရမ်းချဉ်သီးများ ပျော့သွားပါက ဝိုင်ထည့်ပြီး ၃ မိနစ်ခန့် ဆက်တည်ပါ။

၅။ ထို့နောက် ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

၆။ ရရှိလာတဲ့ ခရမ်းချဉ်သီးဆော့စ်များကို ငါးကြော်ပေါ်သို့ ဆမ်းထည့်လိုက်ပါ။ ငါးကြော်ဒယ်အိုးကို ပူပူနွေးနွေးလေး ဖြစ်သွားအောင်လို့ မီးအေးအေးဖြင့် မိနစ်ပိုင်းခန့် အပူပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ပင်လယ်ငါးဟင်းလေး ရရှိသွားပါပြီ။

Source: Cooktoria.com