အားလုံးပဲ မင်္ဂလာပါ။ Pressure Cooker အသုံးပြုပြီး ဟင်းချက်ရတာ ဘယ်လောက်လွယ်ကူလဲဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။

ဒီတစ်ခါမှာလည်း အချိန်ကုန် လူပင်ပန်း သက်သာအောင် Pressure Cooker အသုံးပြုပြီး ရေ၊ ကြက်ပြုတ်ရည်တို့ လုံးဝ အသုံးပြုစရာမလိုဘဲ အရသာရှိတဲ့ အာလူး ကြက်သားစတူး ဘယ်လိုချက်ပြုတ်နိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၄ လုံး
  • ကြက်သွန်နီ အလုံးကြီး ၁ လုံး
  • ခရမ်းချဉ်သီး ၄ လုံး
  • ကြက်သား ၁ ကောင်
  • ပျဉ်းတော်သိမ် ၂ ရွက်

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီးနောက် ၁ လက်မ (သို့) ၂ လက်မပတ်လည် အတုံး လှီးဖြတ်ထားလိုက်ပါ။

ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကိုတော့ အာလူးနဲ့ အရွယ်အစားတူ လှီးဖြတ်ထားပါ။

ကြက်သားကိုလည်း အနေတော်အရွယ်အစားခန့် ခုတ်ထစ်ထားပါ။

၂။ ထို့နောက် အာလူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သား၊ ပျဉ်းတော်သိမ်အရွက်နှင့် ဆားအနည်းငယ်တို့ကို Pressure Cooker ထဲ ထည့်ပါ။ လက်ဖြင့် သမအောင် နယ်လိုက်ပါ။ ထို့နောက် အဖုံးဖုံးပြီးနောက် အမြင့်ဆုံး ဖိအားအရှိန်ဖြင့်၂၅ မိနစ်ခန့် အပူပေးထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အချိန်ကုန် လူပင်ပန်းသက်သာပြီး အရသာရှိတဲ့ အာလူး ကြက်သားစတူးဟင်းလျာလေး ရရှိသွားပါပြီ။

Source: Seriouseats.com