လေ့လာချက်များအရ အမျိုးသမီးများက သူတို့လူ့သက်တမ်း ၃ နှစ်ခန့်ကို အစားအသောက်များ ချက်ပြုတ်ခြင်းဖြင့် အချိန်ကုန်ဆုံးကြတယ်လို့ သိရှိရပါတယ်။ တန်ဖိုးရှိလှတဲ့ အချိန်တွေကို အရသာရှိတဲ့ အစားအစာများ ချက်ပြုတ်ရင်းနဲ့ ကုန်ဆုံးကြတယ်ဆိုပေမယ့် ဘယ်သူကမှ မီးဖိုချောင်ထဲမှာ အချိန်အကြာကြီး မကုန်ဆုံးချင်ကြပါဘူး။

ဒါ့ကြောင့် ဟင်းချက်ရာမှာ လွယ်ကူလျင်မြန်စေမယ့် ဖြတ်လမ်းနည်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

အနားသတ်က တိတိရိရိနဲ့ ဝိုင်းစက်တဲ့ ကြက်ဥ Half-Fried ကြော်စားချင်တယ်ဆိုရင်

ကြက်သွန်အလုံးကြီးတစ်လုံးကို အခွံခွာပါ။ ထက်ဝက်လှီးဖြတ်ပြီးနောက် ကြက်သွန်ကွင်းတစ်ကွင်းကို ခွာလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ကွင်း ထည့်လိုက်ပါ။ ကြက်ဥကို ကြက်သွန်ကွင်းထဲ ဖောက်ထည့်ပြီး ဆားထည့်ကာ ကြော်လိုက်ပါ။

ဒါဆိုရင်တော့ ပြီးပြည့်စုံပြီး ဝိုင်းစက်နေတဲ့ ကြက်ဥကြော်လေး ရရှိသွားပါပြီ။

အသားကင်တဲ့အခါ ကိုကာကိုလာ အသုံးပြုဖို့ ဘာ့ကြောင့်လိုအပ်တာလဲ

ဝက်နံရိုးများ အသားများ ကင်မယ်ဆိုရင် ကိုကာကိုလာထဲမှာ အရင်ဆုံး ပြုတ်လိုက်ပါ။ ဒါမှ ကိုကာကိုလာရဲ့ချိုတဲ့အရသာက အသားထဲစိမ့်ဝင်သွားမှာပါ။ ပြီးမှ အကင်မီးဖိုပေါ်မှာ ၄ မိနစ်ခန့် ထပ်ကင်ပေးရပါမယ်။

ကြက်ဥအခွံခွာတဲ့အခါ ကြက်ဥအသားများ ပဲ့ပါမသွားဖို့ရန်အတွက် ဘယ်လိုလုပ်ရမလဲ

ကြက်ဥမပြုတ်ခင်မှာ ကြက်ဥကို အရင်ဦးဆုံး ပင်အပ်ကလေးနဲ့ သေးငယ်တဲ့အပေါက်လေး ဖောက်လိုက်ပါ။ ထို့နောက် အိုးထဲမှာ ၁၀ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

အချိန်ပြည့်တဲ့အခါ အိုးထဲက ရေများကို သွန်ထုတ်လိုက်ပြီး အိုးအဖုံးပိတ်ကာ အထဲက ကြက်ဥများကို လှုပ်ခါလိုက်ပါ။ ကြက်ဥအခွံများ အက်ကွဲသွားပါလိမ့်မယ်။ ပြီးမှ အိုးထဲ ရေထည့်ပြီး ကြက်ဥများကို အအေးခံလိုက်ပါ။

ဒါဆိုရင်တော့ ကြက်ဥများကို စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာအခွံခွာလို့ရပါပြီ။

ကြက်ဥ အလုံးအရေအတွက် အများကြီးကို တစ်ပြိုင်နက်တည်း ချက်ပြုတ်ချင်တယ်ဆိုရင်

Oven ထဲထည့်မယ့် လင်ဗန်းပေါ်သို့ ရေစိုနေသော ပုဝါတစ်ထည် ခင်းလိုက်ပါ။ ထိုပုဝါပေါ်သို့ ကြက်ဥများကို အစီအရီတင်ထားလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။ ဒီနည်းလမ်းက အချိန်မရတဲ့သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

အသားများကို အချိန်တိုအတွင်း နူးအိချင်တယ်ဆိုရင်

ကော်ဖီအကြမ်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ကော်ဖီအကြမ်းမှုန့်၊ ရှာလကာရည်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းတို့ကို သမအောင် ရောနှောပြီးနောက် အသားကို ထိုကော်ဖီအရည်ထဲစိမ်ထားလိုက်ပါ။ မိနစ် ၃၀ ခန့်မှ ၃ နာရီကြာသည်အထိ စိမ်ထားနိုင်ပါတယ်။

ဒီနည်းလမ်းက သင်ချက်ပြုတ်မယ့်အသားကို အချိန်တိုအတွင်း နူးအိသွားစေပြီး အရသာရှိစေမှာပဲဖြစ်ပါတယ်။

Source: Brightside.me