အားလုံးပဲ မင်္ဂလာပါ။ ဟမ်ဘာဂါ ကြိုက်နှစ်သက်သူများအနေနဲ့ ဒီတစ်ခါမှာတော့ အသွင်တစ်မျိုးနဲ့ အရသာဆန်းသစ်နေမယ့် ချာပါတီဘာဂါ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်ခွဲ (အသားကြိတ်စက်ဖြင့် ညှက်နေအောင် ကြိတ်ထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ချာပါတီ ၁၆ ချပ်

  • ချိစ် အနည်းငယ်
  • ခရမ်းချဉ်သီး ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ဆလပ်ရွက် အနည်းငယ် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောမွှေပြီးနောက် အသားပြား ၄ ပြား ပြုလုပ်ထားပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အအေးခံထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ချာပါတီ တစ်ချပ်တင်ထားပါ။ ချပါတီကို ဟင်းသီးဟင်းရွက်ဆီ အနည်းငယ် သုတ်လိမ်းပြီးနောက် အခြားတစ်ဖက်သို့လှန်ပါ။ ထို့နောက် ချိစ်နှင့် ခရမ်းချဉ်သီးအနည်းငယ်ထင်လိုက်ပါ။ ထိုခရမ်းချဉ်သီးကို အခြားချပါတီတစ်ချပ် အုပ်ပြီးနောက် ဆီအနည်းငယ် သုတ်လိမ်းလိုက်ပါ။ တစ်ဖန် အခြားတစ်ဖက်သို့လှန်ကာ တစ်မိနစ်ခန့် အပူပေးပါ။

ထိုနည်းအတိုင်း ချာပါတီ ၂ ချပ်စီကို တစ်ခုဖြစ်သွားအောင် ခရမ်းချဉ်သီးနှင့် ချိစ်ညှပ်ကာ အပူပေးပါ။ စုစုပေါင်း ချာပါတီ ၈ ခု ရသွားပါလိမ့်မယ်။

၃။ ထို့နောက် အမဲသားပြားများကို တစ်ဖက်စီကို ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပါ။ အမဲသားပြားများ ကျက်သည်အထိ ကြော်ပေးရပါမယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ ချာပါတီ ၂ ခုနှင့် အသားပြား ၁ ခုတို့ကို အဆင်သင့်ပြင်ထားပါ။ ချာပါတီ ၁ ခုပေါ်သို့ ဆလပ်ရွက်အနည်းငယ် တင်ပါ။ အသားပြားထည့်ကာ အခြားချပါတီ ၁ ခု အုပ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချာပါတီဘာဂါ ၁ ခု ရသွားပါပြီ။ စာဖတ်သူတို့အနေနဲ့ ခရင်မ်အနည်းငယ်၊ ဆော့စ်အနည်းငယ် ထပ်ညှပ်ပြီးတော့လည်း အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Source: Thespruceeats.com