အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သပ်သတ်လွတ်သမားများ နှစ်ခြိုက်စွာ စားသုံးနိုင်မယ့် ထောပတ်သီး ကော်ပြန့်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အခြောက်လှန်းထားသော ခရမ်းချဉ်သီးခြောက် ပန်းကန်လုံး တစ်ဝက်စာ
- ထောပတ်သီးမှည့် ၄ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
- နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်းစာ
- လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၅ ဇွန်း
- သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကော်ပြန့်လိပ်ရန်အတွက် လိုအပ်သော ဖက်ရွက် အရွက် ၂၀ ခန့်
- ကြော်ရန် ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ခရမ်းချဉ်သီးခြောက်များကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးထဲထည့်ကာ ထောပတ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ဆား၊ သံပုယိုရည်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။
၂။ ထို့နောက် ဖက်ရွက်ရဲ့အလယ်ဗဟိုတည့်တည့်တွင် စောစောက နယ်ထားသော ထောပတ်သီးအရောအနှော စားပွဲတင်ဇွန်း ၂ ဇွန်း တင်ထားလိုက်ပါ။ ဖက်ရွက်ရဲ့အနားသားများကို ရေဖြင့် ဆွတ်ပေးလိုက်ပါ။
၃။ ထို့နောက် ကော်ပြန့်လိပ်ကို ခပ်တင်းတင်းလေး လိပ်ပေးလိုက်ပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
ဆီပူလာပါက ကော်ပြန့်လိပ်များထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ရပါလိမ့်မယ်။
ကော်ပြန့်လိပ်များ အားလုံး ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်သီး ကော်ပြန့်လိပ်လေး ရရှိသွားပါပြီ။
မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။
Source: Thespruceeats.com