အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သပ်သတ်လွတ်သမားများ နှစ်ခြိုက်စွာ စားသုံးနိုင်မယ့် ထောပတ်သီး ကော်ပြန့်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အခြောက်လှန်းထားသော ခရမ်းချဉ်သီးခြောက် ပန်းကန်လုံး တစ်ဝက်စာ
  • ထောပတ်သီးမှည့် ၄ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်းစာ
  • လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကော်ပြန့်လိပ်ရန်အတွက် လိုအပ်သော ဖက်ရွက် အရွက် ၂၀ ခန့်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးခြောက်များကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးထဲထည့်ကာ ထောပတ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ဆား၊ သံပုယိုရည်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၂။ ထို့နောက် ဖက်ရွက်ရဲ့အလယ်ဗဟိုတည့်တည့်တွင် စောစောက နယ်ထားသော ထောပတ်သီးအရောအနှော စားပွဲတင်ဇွန်း ၂ ဇွန်း တင်ထားလိုက်ပါ။ ဖက်ရွက်ရဲ့အနားသားများကို ရေဖြင့် ဆွတ်ပေးလိုက်ပါ။

၃။ ထို့နောက် ကော်ပြန့်လိပ်ကို ခပ်တင်းတင်းလေး လိပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

ဆီပူလာပါက ကော်ပြန့်လိပ်များထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ရပါလိမ့်မယ်။

ကော်ပြန့်လိပ်များ အားလုံး ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်သီး ကော်ပြန့်လိပ်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thespruceeats.com