အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရိုးရှင်းတဲ့ပြုလုပ်နည်းတွေနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ ချိစ်ပြောင်းဖူးကြော် အရံဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ချွေထားသော ပြောင်းဖူးစေ့များ ၄၂၀ ဂရမ်
- အရောင်စုံ ငရုတ်ပွ ၄၀ ဂရမ် (ကုဗတုံးအသေးပုံစံ လှီးဖြတ်ထားပါ)
- ထောပတ် ၁၅ ဂရမ်
- ချိစ် ၈ အောင်စခန့် (အချောင်းလိုက်ခြစ်ချထားပါ)
Source: thespruceeats.com
ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ
- မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
- သကြား စားပွဲတင်ဇွန်း တစ်ဝက်
- ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
(ထိုပါဝင်ပစ္စည်း လေးမျိုးစလုံးကို ရောနှောထားလိုက်ပါ)
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပြောင်းဖူး၊ ငရုတ်ပွနဲ့ အသင့်ပြုလုပ်ထားသော ဆော့စ်များကို သမအောင်ရောမွှေပေးလိုက်ပါ။
၂။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးကာ ထောပတ်တုံးကို ပျော်ကျသွားအောင် ပြုလုပ်ပါ။ မီးအပူချိန်အနိမ့်ဆုံးပြန်လျော့ပြီးနောက် ပြောင်းဖူးအရောအနှောများကို ဒယ်အိုးထဲထည့်ကာ မွှေပေးလိုက်ပါ။
၃။ ချိစ်အချောင်းများကို ပြောင်းဖူးပေါ်ဖြူးလိုက်ပြီး ဒယ်အိုးအဖုံးအုပ်ထားကာ ၄ မိနစ်၊ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ချိစ်များအရည်ပျော်ကျသွားပါလိမ့်မယ်။ ထိုအချိန်ကျမှ မီးဖိုပေါ်က ချလိုက်ပါ။
ထို့နောက် ပန်းကန်ထဲထည့်ပြီး ချိစ်ပြောင်းဖူးကြော်ကို အရသာရှိရှိသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။
Source: mykoreankitchen.com