အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရိုးရှင်းတဲ့ပြုလုပ်နည်းတွေနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ ချိစ်ပြောင်းဖူးကြော် အရံဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချွေထားသော ပြောင်းဖူးစေ့များ ၄၂၀ ဂရမ်
  • အရောင်စုံ ငရုတ်ပွ ၄၀ ဂရမ် (ကုဗတုံးအသေးပုံစံ လှီးဖြတ်ထားပါ)
  • ထောပတ် ၁၅ ဂရမ်
  • ချိစ် ၈ အောင်စခန့် (အချောင်းလိုက်ခြစ်ချထားပါ)

Source: thespruceeats.com

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

(ထိုပါဝင်ပစ္စည်း လေးမျိုးစလုံးကို ရောနှောထားလိုက်ပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပြောင်းဖူး၊ ငရုတ်ပွနဲ့ အသင့်ပြုလုပ်ထားသော ဆော့စ်များကို သမအောင်ရောမွှေပေးလိုက်ပါ။

၂။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးကာ ထောပတ်တုံးကို ပျော်ကျသွားအောင် ပြုလုပ်ပါ။ မီးအပူချိန်အနိမ့်ဆုံးပြန်လျော့ပြီးနောက် ပြောင်းဖူးအရောအနှောများကို ဒယ်အိုးထဲထည့်ကာ မွှေပေးလိုက်ပါ။

၃။ ချိစ်အချောင်းများကို ပြောင်းဖူးပေါ်ဖြူးလိုက်ပြီး ဒယ်အိုးအဖုံးအုပ်ထားကာ ၄ မိနစ်၊ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ချိစ်များအရည်ပျော်ကျသွားပါလိမ့်မယ်။ ထိုအချိန်ကျမှ မီးဖိုပေါ်က ချလိုက်ပါ။

ထို့နောက် ပန်းကန်ထဲထည့်ပြီး ချိစ်ပြောင်းဖူးကြော်ကို အရသာရှိရှိသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Source: mykoreankitchen.com