ဒီတခါမှာတော့ ကလေးတွေကြိုက်နှစ်သက်တဲ့ ကိုရီးယား အစားအစာတစ်မျိုးဖြစ်တဲ့ ပြောင်းဖူးချိစ်လေးကို လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပြုတ်ထားတဲ့ ပြောင်းဖူးအစေ့လေးတွေ ဟင်းချို ပန်းကန်လုံး ၁ လုံးခွဲစာ (ရေသေချာ စစ်ထားပါ)
  • ငရုတ်ပွသီး ၂ လုံး ကို ပါးပါးလှီးထားပါ (အရောင်မတူရင် ပိုလှ)
  • ထောပတ် ၁၅ ဂရမ်
  • Shredded Mozzarella Cheese 250 ml
  • နံနံပင် (Parsley Flakes) အမှုန့် အနည်းငယ်

အရသာစပ်ဖို့

  • Mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့ တစ်ဝက်
  • ပင်လယ်ဆား အနည်းငယ်
  • အမည်းရောင် ငရုတ်ပွမှုန့် အနည်းငယ်

ပြုလုပ်နည်း

ပြောင်းဖူး၊ ငရုတ်ပွသီး၊ အရသာစပ်ဖို့ အနှစ်တွေရယ်ကို ခွက်တစ်ခွက်ထဲထည့်ပြီး သမအောင် မွှေလိုက်ပါ။

ဒယ်အိုးကို မီး အလယ်အလတ်လောက်နဲ့ ပူအောင်လုပ်ထားပါ။ ထောပတ်ထည့်ပြီး ပျော်သွားအောင်ထားပါ။ ပျော်သွားရင် မီးကိုလျော့ချလိုက်ပြီး ပြောင်းဖူး၊ ငရုတ်ပွသီး ရယ်ကိုထည့်ပါ။ ညင်သာစွာမွှေပေးပါ။

ချီစ်နဲ့ နံနံပင် အမှုန့်လေးတွေကို အပေါ်ကနေ ဖြူးပေးပါ။ ဒယ်အိုးကို အုပ်ထားပြီး ချိစ်ပျော်သွားတဲ့အထိ ၄ မိနစ်ကနေ ၅ မိနစ်လောက် ချက်ပေးပါ။

ဒါဆိုရင် ချိုချိုစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ပြောင်းဖူးကြော်လေး ရပါပြီ။

Photos Credit: MyKoreaKitchen