အားလုံးပဲမင်္ဂလာပါနော်။ ကလေးရော လူကြီးပါနှစ်သက်ကြတဲ့ ပြောင်းဖူးကြော် ကြွပ်ကြွပ်ရွရွလေးကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။
ပါဝင်ပစ္စည်း
- အကြော်မှုန့်
- ပြောင်းဖူး ၂ ဖူး (ချွေထားပါ)
- ရေ အနည်းငယ်
- ဆားအနည်းငယ်
- ဆီ
ပြုလုပ်နည်း
ပြောင်းဖူး ချွေထားတာကို ရေဆေးလိုက်ပါ။ တန်ပူရာအမှုန့် (သို့) အကြော်မှုန့်ကို ရေပျစ်ပျစ်ဖျော်စပ်လိုက်ပါ။ ဆားနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ ပြောင်းဖူးထည့်လိုက်ပြီး မွှေပေးလိုက်ပါ။
ကြော်တဲ့အခါ တစ်လုပ်စာလောက်လေး စုစုပြီး ဆီပူပူနဲ့ ထည့်ကြော်ပေးလိုက်ပါ။ ရွှေရောင်သန်းလာရင် နောက်တစ်ဖက်လှန်ပေးလိုက်ပါ။
ရပြီဆိုရင် ဆီဆစ်ပေးလိုက်ပြီး ပူပူလေးသုံးဆောင်နိုင်ပါတယ်။
ငွေကုန်ကြေးကျလည်းသက်သာပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်ဆိုတော့ မိသားစုနဲ့အတူတူ အစာပြေစားလို့ အသင့်တော်ဆုံးပါပဲနော်။
By: MyFood Myanmar