အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အမဲသား အာလူးဟင်းပဲဖြစ်ပါတယ်။ မြန်မာအစားအစာပုံစံမျိုး ချက်ပြုတ်ထားတာမဟုတ်ဘဲ အနောက်တိုင်းစတိုင်လ် Pie ပုံစံ ချက်ပြုတ်ထားတာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁ ပေါင် (အခွံခွာပြီး လေးစိပ် စိတ်ထားပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား အနည်းငယ်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • Ketchup စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • နံနံပင် အနည်းငယ်
  • အမဲသား ၁ ပေါင် (နူးနေအောင် ပြုတ်ပြီးနောက် အသားနွှင်ထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေနှင့် ဆား အနည်းငယ်ထည့်ပါ။ ပွက်ပွက်ဆူလာအောင် တည်ပြီးတဲ့နောက်မှာ အာလူးတုံးများ ထည့်ပြီး ၁၀ မိနစ်မှ မိနစ် ၂၀ ခန့် တည်ပါ။

၂။ အာလူးပြုတ်နေစဉ်မှာ နွားနို့နှင့် ထောပတ်တို့ကို ဒယ်အိုးအသေးတစ်လုံးထဲထည့်ပြီး နွေးနွေးလေးဖြစ်သွားအောင် အပူပေးပါ။

၃။ အာလူးပြုတ်ပြီးပါက အာလူးများကို အိုးထဲက ဆယ်ယူပြီး ရေသွန်လိုက်ပါ။ ထို့နောက် အာလူးကို ခြောက်သွေ့သော အိုးထဲ ပြန်ထည့်ပြီးနောက် မီးအပူပေးပါ။ ထောပတ် နွားနို့အရောအနှောကို အိုးထဲထည့်ပြီး အာလူးများကို ခက်ရင်းဖြင့် ချေပါ။

ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

၄။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။

၅။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ကြက်သွန်နီထည့်ကာ ပျော့သွားအောင် မွှေပါ။ Ketchup ၊ ကြက်ပြုတ်ရည်၊ နံနံပင်တို့ထည့်ကာ ကြက်ပြုတ်ရည် တစ်ဝက်ခန့် လျော့သွားသည်အထိ အပူပေးပါ။

ထို့နောက် အမဲသားထည့်ကာ မီးအပူချိန် လျော့ချလိုက်ပါ။ ၃ မိနစ်၊ ၄ မိနစ်ခန့် ဆူအောင် တည်ပြီးပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်ပါ။

၆။ Oven ထဲထည့်မယ့် အပူဒဏ်ခံနိုင်သော လင်ဗန်းထဲသို့ အမဲသားများ လောင်းထည့်ပါ။ ထို့နောက် ချေထားသောအာလူးများကို အပေါ်လွှာတွင် ထည့်လိုက်ပါ။ (ဒီ့ထက် ပိုအရသာရှိချင်ပါက ချိစ်နှင့် ပေါင်မုန့်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ)

၇။ ထိုလင်ဗန်းကို ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ မိနစ် ၃၀ ခန့် အပူပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား အာလူးဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Seasonsandsuppers.ca