အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ချက်ပြုတ်နည်းကတော့ အာလူး အမဲသားပြားကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၆ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • အာလူးပြုတ် အလုံးကြီး ၁ လုံး
  • ကြက်ဥ ၁ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးပြုတ်ကို အခွံခွာပြီးနောက် ခက်ရင်းဖြင့် ချေမွထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပါ။

၂။ နုပ်နုပ်စဉ်းထားသော အမဲသား ထပ်ပေါင်းထည့်ပါ။ ကြက်ဥ ၁ လုံးဖောက်ထည့်ကာ သမအောင် ထပ်နယ်ပါ။

၃။ ထိုအမဲသားပန်းကန်ထဲသို့ပင် ဂျုံမှုန့် ထပ်ထည့်ပြီး ခြောက်သွားအောင် နယ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဇွန်းနှစ်ချောင်းအသုံးပြုပြီး အမဲသားကို လုံးလိုက်ပါ။ ရရှိလာတဲ့ အမဲသားလုံးကို ဆီပူထဲထည့်ပြီးနောက် ဇွန်းအပြားဖြင့် ပြားသွားအောင် ဖိလိုက်ပါ။

၅။ အမဲသားပြားကို ရွှေညိုရောင်ပြောင်းလာသည်အထိ ဟိုဖက်ဒီဖက်လှန်ကြော်ပါ။

ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ဆီပူထဲက ဆယ်ယူလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး အမဲသားပြားကြော်များ ရရှိသွားပါပြီ။

Source: Chief Eyesee Riceype