ထမင်း မစားဘဲ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ အစားအစာတစ်ခုခု စားသုံးချင်သူတွေအတွက် ဒီတစ်ခါမှာတော့ ဂေါ်ဖီထုပ် အာလူး အမဲစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသား ၁၂ အောင်စခန့် (ခပ်ပါးပါးလှီးထားပါ)
- ဂေါ်ဖီထုပ် ၄ ပုံ ၁ ပုံခန့် (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၄ မြွှာ (ပြားနေအောင် ထုထောင်းထားပါ)
- အမဲပြုတ်ရည် ၅၀၀ မီလီလီတာခန့်
- အာလူး ၁ လုံး (စတုရန်းပုံသဏ္ဍာန် တုံးထားပါ)
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းမှုန့်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။
၂။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ထည့်ပြီး ဆီသတ်လိုက်ပါ။
၃။ အမဲသားများထည့်ပြီး ၃ မိနစ်ခန့် ကြော်လိုက်ပါ။
၄။ ၃ မိနစ်ပြည့်ပါက အမဲပြုတ်ရည်များထည့်ပြီး ဆူပွအောင် တည်လိုက်ပါ။
၅။ အမဲပြုတ်ရည် ဆူပွက်လာပါက အာလူးနှင့် ပန်းဂေါ်ဖီတို့ထည့်ကာ အိုးအဖုံးပိတ်လိုက်ပါ။ ၈ မိနစ်မှ ၁၀ မိနစ်ခန့် တည်ထားရပါတယ်။
၆။ အချိန်ပြည့်ပါက နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။
အပေါ့အငန်မြည်းပြီးတဲ့နောက်မှာ ပန်းကန်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။ ရရှိလာတဲ့ ဂေါ်ဖီထုပ် အာလူး အမဲစွပ်ပြုတ်ကို အားအင်ပြည့်ဝဖို့အတွက် အရသာရှိရှိသောက်သုံးနိုင်ပါပြီ။
Source: panlasangpinoy.com