အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ချိစ်အရသာ အာလူး ကြက်ဥမွှေကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ဆားနယ်ခြောက် ၈ ပြား (လေးထောင့်အတုံးငယ် တုံးထားပါ)
  • အာလူး ၃ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပါးပါးလှီးထားသော ငရုတ်သီးတောင့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၈ လုံး

  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြိး ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် ဝက်ဆားနယ်ခြောက်များထည့်ကာ ကြွပ်နေအောင် ကြော်ပေးလိုက်ပါ။ ကြော်ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

၂။ အာလူးများကိုလည်း ဆီပူထဲထည့်ကာ ၁၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်နီနှင့် ငရုတ်သီးတောင့်တို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ကြော်ထားသော ဝက်ဆားနယ်ခြောက်များ ထည့်ကာ မွှေကြော်ပါ။

၃။ ထို့နောက် ပန်းကန်လုံးအကြီးထဲတွင် ကြက်ဥ ၈ လုံးကို မွှေခလောက်လိုက်ပါ။ နွားနို့၊ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်ဥများကို အာလူးဒယ်အိုးထဲ ထည့်လိုက်ပါ။

ကြက်ဥ မကျက်တကျက်အချိန်အထိ ကြော်ပြီးတဲ့နောက်မှာတော့ ချိစ်များ ထည့်လိုက်ပါ။ ချိစ်များ အရည်ပျော်သွားသည်အထိ အပူပေးပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ အာလူး ကြက်ဥမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Tasteofhome.com