အားလုံးပဲ မင်္ဂလာပါ။ မြန်မာလူမျိုးတွေရဲ့ အဓိကအစားအစာက ထမင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တခါတရံမှာ ထမင်း မစားချင်တဲ့ အချိန်မျိုးတွေရှိတတ်ပါတယ်။ ဥပမာ နေမကောင်းဘဲ ဖျားနာနေတဲ့အချိန်မျိုးမှာပေါ့။

အဲ့ဒီလိုအချိန်မျိုးမှာ အာဟာရပြည့်စေမယ့် စွပ်ပြုတ်လေးတွေ စားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာ ဝက်သား အာလူးစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၅ လုံး (အခွံခွာပြီး အနေတော် အတုံးတုံးထားပါ)
  • ထောပတ် ၆၀ ဂရမ်
  • ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ အကြီး တစ်လုံး (လေးတောင့်အတုံးငယ် တုံးထားပါ)
  • တရုတ်နံနံ တစ်ပင် (ပါးပါးလှီးထားပါ)

  • ဝက်သား ဝ.၅ ပေါင် (အတုံးခပ်သေးသေး တုံးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၅၀၀ မီလီလီတာ
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဂျုံမှုန့် အနည်းငယ်
  • နွားနို့ ၇၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်လိုက်ပါ။ ထောပတ်များ အရည်ပျော်လာပါက ကြက်သွန်နီ၊ မုန်လာဥနီနှင့် တရုတ်နံနံတို့ထည့်ပြီး လေးမိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ဝက်သားနှင့် အာလူးတို့ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။ ကြက်သွန်ဖြူထည့်ပြီးနောက် စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။

၃။ ဂျုံမှုန့်ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ကြက်ပြုတ်ရည် ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။ မီးအပူချိန် ထပ်မြှင့်ပေးပြီးနောက် ၁၀ မိနစ်၊ ၁၂ မိနစ် ထပ်တည်ပေးလိုက်ပါ။။ အာလူးများ နူး မနူးကို ခက်ရင်းဖြင့် ထိုးကြည့်ပါ။

၅။ အာလူးများ နူးသွားပြီဆိုပါက မီးအပူချိန်ကို အမြင့်ဆုံးကနေ အလယ်အလတ်အပူချိန်အထိ လျော့ချပြီးနောက် နွားနို့ထည့်လိုက်ပါ။ ၅ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။

၆။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ ခရင်မ်အရသာရှိတဲ့ ဝက်သား အာလူးစွပ်ပြုတ်လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Cafedelites.com