အာလူးဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဟင်းရည်ပျစ်ပျစ်လေးနဲ့ ချက်ထားတဲ့ အုန်းနို့ အာလူးဟင်း ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၁ ဥ
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • အာလူး ၆ လုံး
  • အုန်းနို့ စည်သွပ်ဘူး ၁ ဘူး
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်နီကို အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ။ အာလူးကို အခွံခွာပြီးနောက် အနေတော် အတုံး တုံးထားပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေပါ။

၃။ ထို့နောက် ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆားနှင့် အခြားဟင်းခပ်အမွှေးအကြိုက်များထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ထို့နောက် အုန်းနို့ထည့်ပါ။ သမအောင် မွှေပြီးနောက်မှာ အာလူးတုံးများထည့်ပါ။ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချပြီးနောက် အဖ့ုးအုပ်ကာ မိနစ် ၃၀ ခန့် တည်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက အာလူးဟင်းရည်က ပျစ်ပျစ်လေးဖြစ်သွားပြီး အာလူးများလည်း နူးအိသွားပါလိမ့်မယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ဆားနှင့် ဟင်းခပ်အမွှေးအကြိုင်များ ထပ်ထည့်နိုင်ပါတယ်။

ဟင်းရည်က အရမ်းပျစ်နေပါက ရေ အနည်းငယ် ထပ်ထည့်နိုင်သလို ဟင်းရည်က အရည် များနေသေးပါက အဖုံးဖွင့်ပြီး မိနစ်အနည်းငယ် ထပ်တည်ပေးနိုင်ပါတယ်။

မီးဖိုပေါ်က ချခါနီးကျမှ နံနံပင် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းနို့ အာလူးဟင်းလေး ရရှိသွားပါပြီ။

Source: Cooktoria.com