(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရံဟင်းတစ်ခွက်ဖြစ်တဲ့ ကြက်ဥ အာလူးသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
• အာလူး ၂၀၀ ဂရမ် (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)
• မုန်လာဥနီ ၅၀ ဂရမ် (အဝိုင်းတုံး ခပ်သေးသေး တုံးထားပါ)
• ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် သကြား အနည်းငယ်
• ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• သခွားသီး ၇၀ ဂရမ် (ပါးပါးလှီးထားပါ)
• ဝက်ပေါင်ခြောက် ၃၀ ဂရမ် (အနေတော် အတုံးလေး တုံးထားလိုက်ပါ)
• ကြက်သွန်နီ ၅၀ ဂရမ် (ပါးပါးလှီးထားပါ)
• ကြက်ဥပြုတ် ၁ လုံး (အခွံခွာပြီး အနေတော် လှီးဖြတ်ထားပါ)
• မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အာလူးတုံးနှင့် မုန်လာဥနီအတုံးတို့ကို အိုးထဲထည့်ပြီး ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။ အာလူးများ နူးအိသွားပါက ဆန်ကာဖြင့် ရေစစ်ပြီး အာလူး မုန်လာဥတုံးများကို ဆယ်ယူလိုက်ပါ။
၂။ ဆန်ကာထဲက အာလူး မုန်လာဥနီများကို အိုးထဲသို့ပင် ပြန်ထည့်ပြီး အိုးကို အတုံးအခဲများ ကြေမွသွားသည်အထိ အိုးကို လှုပ်ခါပေးလိုက်ပါ။
၃။ ထို့နောက် အာလူး မုန်လာဥနီများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြားနှင့် ရှာလကာရည်တို့ထည့်ပြီး သမအောင် နယ်ဖတ်ပေးလိုက်ပါ။
၄။ ဝက်ပေါင်ခြောက်၊ ကြက်သွန်နီ၊ သခွားသီး၊ မိရောနိစ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ ကြက်ဥ ထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။
အရသာ အပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ကြက်ဥ အာလူးသုပ်လေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။
Source: Cookingwithdog.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ အရံဟင္းတစ္ခြက္ျဖစ္တဲ့ ၾကက္ဥ အာလူးသုပ္ ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- အာလူး ၂၀၀ ဂရမ္ (အခြံခြာၿပီး အေနေတာ္အတံုး တံုးထားပါ)
- မုန္လာဥနီ ၅၀ ဂရမ္ (အဝိုင္းတံုး ခပ္ေသးေသး တံုးထားပါ)
- ဆား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံုႏွင့္ သၾကား အနည္းငယ္
- ရွာလကာရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္ႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
- သခြားသီး ၇၀ ဂရမ္ (ပါးပါးလွီးထားပါ)
- ဝက္ေပါင္ေျခာက္ ၃၀ ဂရမ္ (အေနေတာ္ အတံုးေလး တံုးထားလိုက္ပါ)
- ၾကက္သြန္နီ ၅၀ ဂရမ္ (ပါးပါးလွီးထားပါ)
- ၾကက္ဥျပဳတ္ ၁ လံုး (အခြံခြာၿပီး အေနေတာ္ လွီးျဖတ္ထားပါ)
- မိေရာနိစ္ စားပြဲတင္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အာလူးတံုးႏွင့္ မုန္လာဥနီအတံုးတို႔ကို အိုးထဲထည့္ၿပီး ေရထည့္ကာ ပြက္ပြက္ဆူလာေအာင္ တည္လိုက္ပါ။ အာလူးမ်ား ႏူးအိသြားပါက ဆန္ကာျဖင့္ ေရစစ္ၿပီး အာလူး မုန္လာဥတံုးမ်ားကို ဆယ္ယူလိုက္ပါ။
၂။ ဆန္ကာထဲက အာလူး မုန္လာဥနီမ်ားကို အိုးထဲသို႔ပင္ ျပန္ထည့္ၿပီး အိုးကို အတံုးအခဲမ်ား ေၾကမြသြားသည္အထိ အိုးကို လႈပ္ခါေပးလိုက္ပါ။
၃။ ထို႔ေနာက္ အာလူး မုန္လာဥနီမ်ားကို ပန္းကန္လံုးထဲထည့္ၿပီးေနာက္ ဆား၊ ငရုတ္ေကာင္းမႈန္႔၊ သၾကားႏွင့္ ရွာလကာရည္တို႔ထည့္ၿပီး သမေအာင္ နယ္ဖတ္ေပးလိုက္ပါ။
၄။ ဝက္ေပါင္ေျခာက္၊ ၾကက္သြန္နီ၊ သခြားသီး၊ မိေရာနိစ္ႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္တို႔ထည့္ၿပီး သမေအာင္ နယ္ေပးလိုက္ပါ။ ၾကက္ဥ ထည့္ၿပီး သမေအာင္ ထပ္နယ္ေပးလိုက္ပါ။
အရသာ အေပါ့အငန္ျမည္းၾကည့္ၿပီးေနာက္မွာေတာ့ အရသာဆိမ့္ဆိမ့္ေလးနဲ႔ စားလို႔ေကာင္းတဲ့ ၾကက္ဥ အာလူးသုပ္ေလးကို အရသာရွိရွိ စားသံုးႏိုင္ပါၿပီ။
Source: Cookingwithdog.com