အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲချစ်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် မြေပဲထောပတ်ခေါက်ဆွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပုစွန်၊ မုန်လာဥနီ၊ ဘိုစားပဲ စတဲ့အစားအစာများ စုံနေအောင် ထည့်ထားတာကြောင့် ထူးခြားဆန်းသစ်တဲ့အရသာအသစ်ကို မြည်းစမ်းကြည့်နိုင်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ၂ ထုပ်
  • ပုစွန် ၁ ပေါင်ခန့် (အခွံခွာပြီး သန့်စင်အောင် ဆေးကြောထားလိုက်ပါ)
  • မုန်လာဥနီ ၁ လုံး (အခွံခွာပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ဘိုစားပဲ ဝ.၅ ပေါင်ခန့် (ပါးပါးလှီးထားပါ)

မြေပဲဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပါးပါးလှီးထားေးသာ ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • မြေပဲထောပတ် ၂၅၀ ဂရမ်
  • ပဲငံပြာရည် ၆၀ မီလီလီတာ
  • သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ မြေပဲထောပတ်၊ ပဲငံပြာရည်၊ သံပုယိုရည်၊ သကြားညိုနှင့် ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီး ရေအပြည့်ထည့်ကာ မီးပြင်းပြင်းဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ ရေနွေးဆူပွက်လာပါက ခေါက်ဆွဲများထည့်ကာ နူးအိသွားအောင် တည်ထားလိုက်ပါ။ ထို့နောက် ပုစွန်၊ ဘိုစားပဲနှင့် မုန်လာဥနီတို့ကိုလည်း ထိုအိုးထဲထည့်ပြီး တည်ထားလိုက်ပါ။

၄။ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ပြီးသွားတဲ့အခါမှာတော့ ထိုပါဝင်ပစ္စည်းများ အားလုံးကို အိုးထဲမှ ဆယ်ယူပြီး ရေခဲတုံးအပြည့်ထည့်ထားသော ရေခဲရေထဲတွင် စိမ်ထားလိုက်ပါ။

၅။ အေးသွားပြီဆိုပြီး ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီးနောက် အဆင့် (၁) မှာတုန်းက ဖော်စပ်ထားသော မြေပဲဆော့စ်များကို အပေါ်မှနေပြီး လောင်းထည့်လိုက်ပါ။

၆။ သမအောင် နယ်ဖတ်ပြီးတဲ့အခါမှာတော့ မိမိကြိုက်နှစ်သက်ရာတန်ဆာပလာအစားအစာများ (မြေပဲ၊ တရုတ်နံနံ၊ ကြက်ဥပြုတ်၊ သံပုရာသီးစိပ် စသည်) ဖြင့် လှလှပပအလှဆင်ကာ အရသာရှိရှိ အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com