အားလုံးပဲ မင်္ဂလာပါ။ ဘာဂါချစ်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အိမ်လုပ် ကြက်သားညှပ်ဘာဂါ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၃ တုံး (အလျားလိုက် ထက်ခြမ်း ခြမ်းထားပါ)
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငရုတ်ကောင်းမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြော်ရန်ဆီ
  • ပေါင်မုန့်လုံး ၆ လုံး (ထောပတ်ဖြင့် မီးကင်ထားပါ)
  • ဆလပ်ရွက် ၆ ရွက်
  • ခရမ်းချဉ်သီး ၁ လုံး (အကွင်းလိုက် လှီးဖြတ်ထားပါ)

  • ဆားရေစိမ် သခွားသီး (သို့) ရိုးရိုးသခွားသီး ၁ လုံး (အကွင်းလိုက် ပါးပါးလှီးထားပါ)
  • မိရောနိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ပလပ်စတစ်ဖြင့် အုပ်ထားပြီးနောက် အလေးတုံးဖြင့် ပြားနေအောင် ထောင်းလိုက်ပါ။

၂။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် ထောပတ်နွားနို့၊ ငရုတ်သီးဆော့စ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် ကြက်သားထည့်ကာ သမအောင် နယ်ပါ။ ပြီးရင်တော့ ထိုပန်းကန်လုံးကို အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၂ နာရီ (သို့) ၄ နာရီ (သို့) တစ်ညကြာသည်အထိ ထည့်နှပ်ထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူျမှုန့်၊ ကြက်သွန်နီမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် နှပ်ပြီးသားကြက်သားများကို စောစောက ဂျုံမှုန့်အရောအနှောဖြင့် ကပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။

၅။ ဘာဂါပေါင်မုန့်ရဲ့ အတွင်းသားများကို ထောပတ်ဖြင့် သုတ်လိမ်းလိုက်ပါ။ မိရောနိစ်များ သုတ်လိမ်းလိုက်ပါ။

ထို့နောက် သခွားသီး၊ ဆလပ်ရွက်၊ ခရမ်းချဉ်သီးနှင့် ကြက်သားပြားတို့ ညှပ်ထည့်လိုက်ပါ။

ကျန်ရှိနေတဲ့ ဘာဂါနဲ့ ကြက်သားပြားကြော်ကိုလည်း ထိုနည်းအတိုင်း ညှပ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားဘာဂါလေး ရရှိသွားပါပြီ။

Source: Natashaskitchen.com