အားလုံးပဲ မင်္ဂလာပါ။ အကြော်ပူပူလေး စားသုံးချင်သူများအတွက် ချိစ်အရသာလေး နှစ်ဝင်နေတဲ့ ချိစ် ပြောင်းဖူးကြော် ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူးစေ့ ပန်းကန်လုံး ၃ လုံးစာ
  • ဂျုံမှုန့် ပန်းကန်လုံး ၁ လုံးစာ
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

Source: Thelemonbowl.com

  • ကြက်ဥ ၂ လုံး
  • ကြော်ရန် ဆီ
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • အချောင်းလိုက် ပါးပါးလှီးထားသော Cheddar ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပြောင်းဖူး၊ ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၂။ ထို့နောက် ကြက်ဥနှင့် နွားနို့တို့ထည့်ကာ မုန့်နှစ်ပျစ်ပျစ်လေးဖြစ်သွားအောင် ထပ်နယ်ပါ။ တစ်ဖန် ကြက်သွန်မြိတ်နှင့် ချိစ်တို့ ပေါင်းထည့်ကာ ထပ်မံရောနယ်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ပြောင်းဖူးမုန့်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ခပ်ယူကာ ဆီပူထဲတွင် အဝိုင်းပုံသဏ္ဍာန် ပြန့်ပြန့်လေးဖြစ်သွားအောင် ဖြန့်ထည့်လိုက်ပါ။ ထို့နောက် ဇွန်းဖြင့် ပြားနေအောင် ဖွဖွလေး ဖိလိုက်ပါ။

၄။ မျက်နှာပြင်တစ်ဖက်ခြမ်းစီကို ၃ မိနစ်စီ ကြော်ပေးရပါမယ်။ ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ပြောင်းဖူးမုန့်နှစ်များအားလုံး ကုန်သွားသည်အထိ ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ်အရသာ ပြောင်းဖူးကြော်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com