ဘူးသီးကြော်နဲ့ အကြော်စုံ ကြိုက်နှစ်သက်သူများတွက် ဒီတစ်ခါမှာတော့ တစ်ခါမှ ကြော်စားဖူးသေးမှာမဟုတ်တဲ့ ခရမ်းသီးကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ သာမန်အချိန်တွေမှာ ခရမ်းသီးနှပ်၊ ခရမ်းသီး ဆီပြန်ဟင်းအဖြစ်သာ လုပ်စားလေ့ရှိတဲ့ ခရမ်းသီးကို သွားရေစာ အကြော်အဖြစ် ဘယ်လိုကြော်နိုင်မလဲဆိုတာကို အတူတူ လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၁ လုံး
  • ကြော်ရန် ဟင်းရွက်ဆီ
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို ရေဆေးပြီးနောက် အခွံခွာထားလိုက်ပါ။ ထို့နောက် အထူ လက်မဝက်ခန့်နှင့် အရှည် ၃ လက်မခန့်ရှိသော ခရမ်းသီးချောင်းများရအောင် လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ခရမ်းသီးချောင်းများကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ပထမပန်းကန်လုံးထဲတွင် ဂျုံမှုန့်ထည့်ပါ။ ဒုတိယပန်းကန်လုံးထဲတွင်တော့ ကြက်ဥကို ရေဖြင့် မွှေခလောက်ထားလိုက်ပါ။ တတိယပန်းကန်လုံးထဲတွင်တော့ ပေါင်မုန့်အကြေအစများ ထည့်ထားလိုက်ပါ။

၃။ ထို့နောက် ခရမ်းသီးချောင်းကို ဂျုံမှုန့်ဖြင့် ကပ်ပါ။ ပြီးရင် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ နောက်ဆုံးအနေနဲ့ ပေါင်မုန့်ဖြင့် ထပ်ကပ်ပေးရပါမယ်။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးချောင်းများ ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ရွှေညိုရောင် သမ်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ကြော်ပြီးသွားတဲ့ ခရမ်းသီးများကို ပန်းကန်လုံးထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာအသစ်အဆန်းလေးဖြစ်နေမယ့် ခရမ်းသီးချောင်းကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thespruceeats.com