အားလုံးပဲ မင်္ဂလာပါ။ အာလူး ကြိုက်နှစ်သက်တဲ့ အာလူးချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ အိမ်မှာပဲ အလွယ်တကူ လုပ်စားလို့ရပြီး အရသာရှိတဲ့ အာလူးကင် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင် (တစ်လက်မ ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ ၈ မြွှာ (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက် (၂၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်) ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲ ထည့်ရမယ့် လင်ဗန်းကို ဟင်းချက်ဆီဖြင့် သုတ်လိမ်းထားပါ။

၂။ အာလူးတုံးများကို လင်ဗန်းထဲမှာ စီစီရီရီထည့်ထားလိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး ဇွန်းလေးနဲ့ မွှေပေးလိုက်ပါ။

၃။ ထို့နောက် လင်ဗန်းကို Oven ထဲတွင် ၄၅ မိနစ်မှ ၁ နာရီခန့်အထိ ထည့်ထားလိုက်ပါ။ လိုအပ်ပါက အာလူးတုံးများကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပါ။

၄။ အချိန်ပြည့်တဲ့အခါမှာတော့ လင်ဗန်းထဲက အာလူးများကို ပန်းကန်ထဲပြောင်းထည့်ပြီး ဆား၊ ငရုတ်ကောင်းနှင့် နံနံပင်တို့ ဖြူးထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်နဲ့ အရသာရှိရှိစားသုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: cafedelites.com