အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းလျာအဖြစ်သာမက သွားရေစာမုန့်အဖြစ်ပါ စားသုံးနိုင်တဲ့ ဝက်ပေါင်ခြောက်အစပ် အာလူးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၆ လုံး (ရေစင်အောင် ဆေးကြောပြီးနောက် အခွံကို ခြစ်ချထားပါ)
  • သံလွင်ဆီ
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ဝက်ပေါင်ခြောက် ၄ အောင်စ (ပါးပါးလှီးထားပါ)
  • ဇီရာမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးအလုံးလိုက်ကို တစ်ပြားချင်းစီလှီးဖြတ်မယ်ဆိုပေမယ့် အာလူးအမျှင် မပြတ်ဖို့ရန်အတွက် တူနှစ်ချောင်းကို အသုံးပြုပြီး လှီးဖြတ်ရပါမယ်။

အရင်ဦးဆုံး ပုံမှာပြထားတဲ့အတိုင်း တူနှစ်ချောင်းကြားထဲ အာလူးတင်ထားပြီးနောက် အာလူးကို ခပ်ပြားပြားလှီးပေးရပါမယ်။

၃။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူခံထားပါ။ အာလူးများကို ထိုလင်ဗန်းပေါ် တင်ထားပြီးနောက် သံလွင်ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ သံလွင်ဆီက အာလူးလွှာ ကြားတွေထဲလည်း သုတ်ပေးရပါမယ်။ ဆားနှင့် ငရုတ်ကောင်းမှုန့် ဖြူးပြီးနောက် Oven ထဲတွင် ၁ နာရီ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။

၄။ အာလူး ကျက်ဖို့ ၁၀ မိနစ်ခန့်အလိုမှာ ဒယ်အိုးတစ်လုံးထဲတွင် ဝက်ပေါင်ခြောက် ထည့်ကြော်ပေးလိုက်ပါ။

ဝက်ပေါင်ခြောက်ကို ဇီရာမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်တို့ဖြင့် သမအောင် ကြော်ပေးရပါမယ်။

၅။ အာလူးလည်း ကျက်သွားပြီဆိုရင်တော့ အာလူးပေါ်သို့ ဝက်ပေါင်ခြောက်ကြော်များ လောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက်အစပ် အာလူးကြော်လေး ရရှိသွားပါပြီ။

Source : Thewoksoflife.com