အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပါဝင်ပစ္စည်း (၄) မျိုးတည်းနဲ့ ကြော်ထားတဲ့ အာလူးထောင်းကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးသေး ၁ ပေါင်ခွဲ
  • ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးများကို ရေဖြင့် စင်ကြယ်အောင် သေချာတိုက်ချွတ်ဆေးကြောထားပါ။ (စာဖတ်သူအနေနဲ့ အခွံခွာချင်တယ်ဆိုရင်တော့ ရေဖြင့် တော်သင့်ရုံသာ ဆေးရုံဖြင့် လုံလောက်ပါတယ်။)

၃။ အာလူးကို အိုးထဲထည့်ပြီးနောက် ရေထည့်ပါ။ ဆား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ညပီးနောက် မီးပြင်းပြင်းဖြင့် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၄။ အာလူးများ နူးအိသွားပါက ဆယ်ယူပြီးနောက် ၂ မိနစ်ခန့် အခြောက်ခံလိုက်ပါ။ အာလူးများ ခြောက်သွားပါက စဉ်းနီတုံးပေါ်တင်ကာ ဖန်ခွက် (သို့) အလေးတုံးဖြင့် ပြားနေအောင် ထုထောင်းပေးလိုက်ပါ။

၅။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သုတ်လိမ်းထားပါ။ ထို့နောက် ထောင်းထားသော အာလူးများကို လင်ဗန်းထဲထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးလိုက်ပါ။ ကျန်ရှိနေသော ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ဆမ်းထည့်ပြီးနောက် Oven ထဲတွင် ၂၅ မိနစ်၊ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါ လင်ဗန်းကို Oven ထဲမှ ထုတ်လိုက်ပါ။ ကြွပ်ရွ မွှေးပျံ့နေတဲ့ အာလူးထောင်းကြော်လေး ရရှိသွားပါပြီ။

Source : Fifteenspatulas.com