(Unicode)
နေ့ခင်းနေ့လည် ဗိုက်ဆာလို့ ထမင်း မစားချင်ဘဲ သွားရေစာ မုန့်တစ်ခုခု လုပ်စားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တရုတ်စတိုင်လ် သခွားသီးပန်ကိတ်လေးကို လုပ်စားကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၂ လုံး
- ဂျုံမှုန့် ၁၂၅ ဂရမ်
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဟင်းခပ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
- သခွားသီး ၁ ပေါင်
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်းတစ်ဝက်
အချဉ်ရည် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ ၁ မြွှာ (ပြားနေအောင် ထုထောင်းထားပါ)
- ဆန်ရှာလကာရည် အနက်ရောင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ သခွားသီးကို အချောင်းရှည်ရှည်လေးများရအောင် ခြစ်ခုံဖြင့် ခြစ်ထားလိုက်ပါ။ ရရှိလာတဲ့ သခွားသီးချောင်းများကို ပန်းကန်လုံးကြီးထဲ ထည့်ထားလိုက်ပါ။
၂။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီးနောက် ထိုသခွားသီးပန်းကန်လုံးထဲထည့်လိုက်ပါ။ ကြက်ဥ ၂ လုံး ဖောက်ထည့်ပါ။ နှမ်းဆီ၊ ဆားနှင့် ဟင်းခပ်မှုန့်တို့ ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။
၃။ ဂျုံမှုန့်ထပ်ပေါင်းထည့်ပြီး သမအောင် ထပ်မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။
၁၅ မိနစ် စောင့်နေတဲ့ အချိန်မှာ ပန်ကိတ်ကြော်ပြီးတဲ့အခါ တို့စားမယ့် အချဉ်ရည်ကို တစ်ခါတည်း ဖော်စပ်ထားလိုက်ပါ။
ပန်းကန်လုံးတစ်လုံးထဲတွင် ထောင်းထားသော ကြက်သွန်မြိတ်၊ ဆန်ရှာလကာရည်၊ ဆားနှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဒယ်အိုး မျက်နှာပြင်ကို ဆီသုတ်ထားလိုက်ပါ။ ဆီပူလာပါက သခွားသီး ဂျုံအနှစ်များကို ဇွန်း တစ်ဇွန်းစာခန့် ခပ်ထုတ်ပြီးနောက် ဒယ်အိုးထဲ ထည့်ကြော်လိုက်ပါ။ ၂ မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါမှာတော့ အခြားတစ်ဖက်သို့ လှန်ကာ ဆက်ကြော်ပေးလိုက်ပါ။ ၂ မိနစ်ခန့် ထပ်ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သခွားသီး ပန်ကိတ်ပူပူလေး ရရှိသွားပါပြီ။
ကျန်ရှိနေတဲ့ သခွားသီးအနှစ်များကိုလည်း ထိုအနည်းအတိုင်း ဆက်ကြော်ပေးလိုက်ပါ။
Photo Source: Simplelifeandgivethanks.com
အားလုံးကြော်ပြီးသွားပြီဆိုရင်တော့ စောစောကဖော်စပ်ထားတဲ့ အချဉ်ရည်နဲ့ အရသာရှိရှိ တို့စားနိုင်ပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
ေန႔ခင္းေန႔လည္ ဗိုက္ဆာလို႔ ထမင္း မစားခ်င္ဘဲ သြားေရစာ မုန္႔တစ္ခုခု လုပ္စားခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ တရုတ္စတိုင္လ္ သခြားသီးပန္ကိတ္ေလးကို လုပ္စားၾကည့္လိုက္ရေအာင္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ဥ ၂ လံုး
- ဂ်ံဳမႈန္႔ ၁၂၅ ဂရမ္
- ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ဟင္းခပ္မႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ၾကက္သြန္ၿမိတ္ ၃ ပင္ (ပါးပါးလွီးထားပါ)
- သခြားသီး ၁ ေပါင္
- ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္းတစ္ဝက္
အခ်ဥ္ရည္ ျပဳလုပ္ရန္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား
- ၾကက္သြန္ျဖဴ ၁ ျမႊာ (ျပားေနေအာင္ ထုေထာင္းထားပါ)
- ဆန္ရွာလကာရည္ အနက္ေရာင္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ သခြားသီးကို အေခ်ာင္းရွည္ရွည္ေလးမ်ားရေအာင္ ျခစ္ခံုျဖင့္ ျခစ္ထားလိုက္ပါ။ ရရွိလာတဲ့ သခြားသီးေခ်ာင္းမ်ားကို ပန္းကန္လံုးႀကီးထဲ ထည့္ထားလိုက္ပါ။
၂။ ၾကက္သြန္ၿမိတ္ကို ပါးပါးလွီးၿပီးေနာက္ ထိုသခြားသီးပန္းကန္လံုးထဲထည့္လိုက္ပါ။ ၾကက္ဥ ၂ လံုး ေဖာက္ထည့္ပါ။ ႏွမ္းဆီ၊ ဆားႏွင့္ ဟင္းခပ္မႈန္႔တို႔ ထည့္ကာ သမေအာင္ ေမႊခေလာက္ေပးလိုက္ပါ။
၃။ ဂ်ံဳမႈန္႔ထပ္ေပါင္းထည့္ၿပီး သမေအာင္ ထပ္ေမႊခေလာက္ေပးလိုက္ပါ။ ထို႔ေနာက္ ၁၅ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။
၁၅ မိနစ္ ေစာင့္ေနတဲ့ အခ်ိန္မွာ ပန္ကိတ္ေၾကာ္ၿပီးတဲ့အခါ တို႔စားမယ့္ အခ်ဥ္ရည္ကို တစ္ခါတည္း ေဖာ္စပ္ထားလိုက္ပါ။
ပန္းကန္လံုးတစ္လံုးထဲတြင္ ေထာင္းထားေသာ ၾကက္သြန္ၿမိတ္၊ ဆန္ရွာလကာရည္၊ ဆားႏွင့္ ႏွမ္းဆီတို႔ထည့္ၿပီး သမေအာင္ ေရာေမႊထားလိုက္ပါ။
၄။ ဒယ္အိုးကို အပူေပးၿပီး ဒယ္အိုး မ်က္ႏွာျပင္ကို ဆီသုတ္ထားလိုက္ပါ။ ဆီပူလာပါက သခြားသီး ဂ်ံဳအႏွစ္မ်ားကို ဇြန္း တစ္ဇြန္းစာခန္႔ ခပ္ထုတ္ၿပီးေနာက္ ဒယ္အိုးထဲ ထည့္ေၾကာ္လိုက္ပါ။ ၂ မိနစ္ခန္႔ ေၾကာ္ၿပီးသြားတဲ့အခါမွာေတာ့ အျခားတစ္ဖက္သို႔ လွန္ကာ ဆက္ေၾကာ္ေပးလိုက္ပါ။ ၂ မိနစ္ခန္႔ ထပ္ေၾကာ္ၿပီးသြားတဲ့အခါမွာေတာ့ အရသာရွိတဲ့ သခြားသီး ပန္ကိတ္ပူပူေလး ရရွိသြားပါၿပီ။
က်န္ရွိေနတဲ့ သခြားသီးအႏွစ္မ်ားကိုလည္း ထိုအနည္းအတိုင္း ဆက္ေၾကာ္ေပးလိုက္ပါ။
Photo Source: Simplelifeandgivethanks.com
အားလံုးေၾကာ္ၿပီးသြားၿပီဆိုရင္ေတာ့ ေစာေစာကေဖာ္စပ္ထားတဲ့ အခ်ဥ္ရည္နဲ႔ အရသာရွိရွိ တို႔စားႏိုင္ပါၿပီ။
Source: Chinasichuanfood.com