အားလုံးပဲ မင်္ဂလာပါ။ ဘယ်တော့မှ ရိုးသွားမှာမဟုတ်တဲ့ အာလူး ကြက်သားဟင်းကို ဒီတစ်ခါမှာတော့ ငရုတ်ပွတွေအပြင် ငရုတ်သီတောင့်၊ ငရုတ်နှစ်တို့နဲ့ စပ်စပ်လေး ချက်ထားတဲ့ ဟင်းလျာပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁.၅ ကီလို
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • နာနတ်ပွင့် ၃ ပွင့်
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဂျင်း ၄ မြွှာ (ပါးပါးလှီးထားပါ)

  • တစ်လက်မပတ်လည်း ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်သီးခြောက် ၆ တောင့်မှ ၁၀ တောင့်ခန့်၊ ငရုတ်ပွအနီ ၁ ခုနှင့် အစိမ်း တစ်ခု
  • ရေ
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အာလူး ၂ လုံး (အခွံခွာပြီး အတုံးငယ် တုံးထားပါ)
  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အနေတော် အတုံးများ တုံးထားပါ။ ထို့နောက် အိုးတစ်လုံးတွင် ရေထည့်ပါ။ ကြက်သားတုံးများ၊ ကြက်သွန်မြိတ် ၁ ပင်၊ ဂျင်းပြား ၂ ပြားတို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ကြက်သားတုံးများကို ဆယ်ယူပြီး ရေနွေးနွေးဖြင့် ဆေးလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်၊ နာနတ်ပွင့် ငရုတ်ကောင့်စေ့တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ငရုတ်သီးနှစ် ထပ်ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ဆီက ငရုတ်သီးကြောင့် အနီရောင် ပြောင်းသွားတဲ့အခါမှာတော့ ကြက်သားတုံးများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ကြက်သားတုံးများ အညိုရောင် ပြောင်းသွားပါက ဟင်းချက်ဝိုင်နှင့် ပဲငံပြာရည်အကြည်တို့ ထည့်ကာ သမအောင် မွှေပေးရပါမယ်။

၄။ ထို့နောက် ရေအနည်းငယ်ကို ကြက်သားတုံးများ မြှုပ်သွားသည်အထိ ထည့်လိုက်ပါ။ ထို့နောက် အဖုံးအုပ်ကာ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် တည်ထားပါ။ ၁၀ မိနစ်ပြည့်ပါက အာလူးတုံးများထည့်ပြီး သမအောင် မွှေကာ နောက်ထပ် ၁၅ မိနစ်ခန့် တည်ပေးပါ။

၅။ ဟင်းရည် ခမ်းခါနီးအချိန်တွင် ငရုတ်ပွအနီ၊ အစိမ်းနှင့် ကြက်သွန်နီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ငရုတ်ပွ ထည့်ချက်ထားတဲ့ ကြက်သား အာလူးဟင်းစပ်စပ်တစ်ပွဲ ရရှိသွားပါပြီ။

Source: Chinasichuanfood.com