အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားလုံးကြော် အာလူးပြုတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၅၀၀ ဂရမ် (နုပ်နုပ်စသ်းထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အာလူး အလုံးလေး ၁၀ လုံး
  • ကြော်ရန် ဆီ (သို့) ထောပတ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို ရေထဲတွင် မိနစ် ၂၀ ခန့် ပြုတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သား၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ကြက်ဥ ၁ လုံး၊ ကြက်သွန်နီ၊ ဂျုံမှုန့်၊ နွားနို့တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၃။ ထို့နောက် အနေတော်အသားလုံး ဖြစ်သွားအောင် လုံးပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ထောပတ် (သို့) ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားလုံးများထည့်ကာ ၄ မိနစ်ခန့် ကြော်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၄ မိနစ်ခန့် ထပ်ကြော်လိုက်ပါ။

ဝက်သားလုံးများ ရွှေညိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သားလုံးကြော်လေး ရရှိသွားပါပြီ။

ပန်းကန်ပြားထဲ ထည့်ကာ အာလူးပြုတ်နဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mom-to-mom.dk