ထားဝယ်ဒေသမှာတော့ ထားဝယ်ရိုးရာ မုန့်လတ်သုပ်ကို အထူးသဖြင့် နေမကောင်းဖြစ်ပြီး နာလန်ထစလူတွေက ဆိုင်ကိုပြေးပြီး အားရပါးရ စားကြတာလေ၊ စားပြီးတာနဲ. ချွေးတွေထွက်ပြီး လန်းဆန်းနေကောင်း သွားကြပါတယ်။ ရှူးရှူးရှဲရှဲ နှင့် အရသာ အရမ်းရှိပါတယ်။
ပါဝင်ပစ္စည်များ
- ငါးကျွဲရင် (သို့) ငါးကြင်းအကောင်ကြီး
- ပအုန်းရည်
- ကြက်သွန်နီဥ
- ကြက်သွန်မြိတ်
- ငံပြာရည်
- အချိုမှုန့်
- ငရုပ်သီးအစိမ်း
- ငရုပ်အကျက်မှုန့်
- မုန့်ဖတ်
- သံပုရာသီး
- မုခွေယား (ထားဝယ် စာကလေးခွေ) သို့ စာကလေးခွေ
ပြုလုပ်နည်း
ထားဝယ်ရိုးရာ မုန့်လတ်သုပ် လုပ်နည်းက ငါးကျွဲရင်လို ငါးမျိုးနဲ့ ချက်တယ်။ ရန်ကုန်မှာတော့ အသားများတဲ့ ငါးကြင်း အကောင်ကြီးသားနဲ့ ချက်ကြတယ်။ ငါးကြင်းခုတ်သား များများကို “ ပအုန်းရည်” နဲ့ ပြုတ်ပါတယ် ။ ပအုန်းရည် ဆိုတာက ထန်းရည်ကို အချဉ်ဖောက်ထားတာပါ။
မုန့်လတ်သုပ် ချက်ပြုရာတွင်လည်း ငါးကို ပအုန်းရည် နဲ့ ပြုတ်ပြီး ငံပြာရည် နဲနဲ ထည့်တယ်။ ထားဝယ်မှာက ငါးပိထည့်တာများတယ်။ ငါးပြုတ်ရည်ဆူရင် ငါးတွေကို ဆယ်ပြီး အရိုးများ ဖယ်ရှားရျ် အသားအတုံး ကြီးကြီးလေးတွေ ဖဲ့ပါတယ် ။( ကြေရင် မကြိုက်လို.ပါ ။ )
ဖဲ့ပြီးသားငါးတွေ ပြုတ်ရည်ထဲ ထည့်ပြီး ကြက်သွန်နီဥ လေးငါးစိတ် စိတ်ထားတာတွေ ခပ်များများထည့်ပါတယ်။ ဟင်းခတ်မှုန့် ထည့်ပြီးရင် ဟင်းရည်အနဲ့က မွှေးကြိုင်ပြီး အရသာ အရမ်းရှိနေပါပြီ။
စားမယ်ဆိုတော့မှ ပန်းကန်ထဲ မုန့်ဖတ် သင့်ရုံထည့်၊ မုန့်ဖတ်ဖြူဖြူပေါ်မှာ ငံပြာရည် နဲ့ အချိုမှုန့် နဲနဲထည့် ၊ ကြက်သွန်နီ ပါးပါးလှီးပြီး ရေဆေးထားတာ နဲနဲထည့် ၊ ငရုပ်သီးအစိမ်း သေးသေးလေးတွေ ဆစ်ထားတာကို လိုသလောက်ထည့်ပြီး “မုခွေယား(ထားဝယ်စာကလေးခွေ) သို. စာကလေးခွေ နှစ်ခုလောက် ခြေပြီးထည့်ပါ ။
ပြီးမှမုန်.ဖတ်ပေါ်မှာ ခုနက ပြုတ်ပြီး မီဖို ပေါ်တင်ထားတဲ့ မုန့်လတ်သုပ် ဟင်းရည်ကို ဆမ်းထည့်ပါ။ ငရုပ်သီး အကျက်မှုန်.တော့ ကြိူက်သလို ထည့်နိုင်ပါတယ်။ အချဉ်ကြိူက်ရင် သံပုရာသီးလေးညစ် ထည့်စားနိုင်ပါတယ်။
*ပအုန်းရည် ဆိုတာက ထန်းရည်ကို အချဉ်ဖောက် ထားတာပါ။ ပအုန်းရည်က ငါးပိလက်သုပ် လုပ်စားရင်လည်း သံပုရာရည်၊ ရှောက်ရည်အစား ထည့်လို့ရပါတယ်။ မွှေးတေးတေး အနံ့လေးနဲ့ ပိုစားလို့ ကောင်းပါတယ်။
Credit: ထားဝယ်စာပေ နှင့် ရိုးရာယဉ်ကျေးမှု အဖွဲ.