အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဟင်းသီးဟင်းရွက်နဲ့ အမဲသားတို့ရောချက်ထားတဲ့ ဟင်းရွက်စုံ အမဲသားကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၈ အောင်စ (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇါန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန် ၁ ဇွန်း

  • ငရုတ်ပွအစိမ်းရောင် ၁ လုံး (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • အမဲပြုတ်ရည် စားပွဲတင်ဇွန်း ၂၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ အမဲသားများ အညိုရောင် ပြောင်းသွားပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် ငရုတ်ပွ၊ မုန်လာဥနီနှင့် အမဲပြုတ်ရည်တို့ထည့်ကာ မီးအေးအေးဖြင့် ဆူပွက်လာအောင် တည်ထားပါ။

၄။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ခရုဆီတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ ရရှိလာတဲ့ ဂျုံအနှစ်များကို အမဲသားဒယ်အိုးထဲသို့ လောင်းထည့်ကာ သမအောင် မွှေပါ။ မိမိလိုချင်တဲ့ဟင်းရည် အပျစ်အကျဲအနေအထားခန့် ရသွားပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပါက အရသာရှိတဲ့ ဟင်းသီးဟင်းရွက် အမဲသားရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

ဟင်းရွက်အမျိုးအစားများကိုတော့ မိမိကြိုက်နှစ်သက်ရာဟင်းသီးဟင်းရွက်များကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Source: Allrecipes.com