လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန်မကျလို့ စိတ်ညစ်နေပါသလား။ တခါတလေ လေ့ကျင့်ခန်းဘဲ လုပ်ပြီးလည်း ကိုယ်အလေးချိန် မကျတာမျိုးရှိပါတယ်။ ဒါကြောင့် အဆီကို အလျင်အမြန်ကျဆင်းစေမယ့် Detox Drinks လေးတွေလည်း သောက်သင့်ပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး အကျိုးရှိမယ့် Detox Drinks လေးကို ဝေမျှချင်ပါတယ်။
ပါဝင်ပစ္စည်းများ
တောက်တောက်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေနွေးပူ ၂ ခွက်
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေခရားတစ်လုံးထဲကို ဂျင်းတွေထည့်လိုက်ပါ။ ရေနွေးပူပူထည့်လိုက်ပါ။ Green Tea အထုပ်ကို ခုနက ခရားထဲထည့်ပြီး ၅ မိနစ်လောက်ထားလိုက်ပါ။
Green Tea အထုပ်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပျားရည်ထည့်ပါ။
အားလုံးကို သမအောင်မွှေပြီး သောက်လို့ရပါပြီ။
Featured Image Source: FittyFoodies