လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန်မကျလို့ စိတ်ညစ်နေပါသလား။ တခါတလေ လေ့ကျင့်ခန်းဘဲ လုပ်ပြီးလည်း ကိုယ်အလေးချိန် မကျတာမျိုးရှိပါတယ်။ ဒါကြောင့် အဆီကို အလျင်အမြန်ကျဆင်းစေမယ့် Detox Drinks လေးတွေလည်း သောက်သင့်ပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး အကျိုးရှိမယ့် Detox Drinks လေးကို ဝေမျှချင်ပါတယ်။

how-to-chop-ginger-method-8-600x399
ဂျင်း Detox Drinks

ပါဝင်ပစ္စည်းများ

တောက်တောက်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ဇွန်း

ရေနွေးပူ ၂ ခွက်

TeabagGyokuro_B01
Green Tea Bag ၁ ခု

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

honey-dripping-is-honey-good-for-you
ပြုလုပ်နည်း

ရေခရားတစ်လုံးထဲကို ဂျင်းတွေထည့်လိုက်ပါ။ ရေနွေးပူပူထည့်လိုက်ပါ။ Green Tea အထုပ်ကို ခုနက ခရားထဲထည့်ပြီး ၅ မိနစ်လောက်ထားလိုက်ပါ။
Green Tea အထုပ်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပျားရည်ထည့်ပါ။

အားလုံးကို သမအောင်မွှေပြီး သောက်လို့ရပါပြီ။

Featured Image Source: FittyFoodies