[Unicode]

သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီးဖျော်ရည်ကိုနေ့တိုင်းသောက်ပေးတာဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးသလို ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကနေလည်း တားဆီးပေးပါတယ်။

beefsteak-toms-442408

ဆီးးအိမ်၊ သရက်ရွက်၊ အသည်းနဲ့ အဆုတ်ရောဂါတွေ၊ အစာမကြေတာ စတာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ချောင်းဆိုးတာ သွေးအားနည်းရောဂါ အဆစ်အမြစ်ရောင်ရောဂါ တွေကို ကာကွယ်ပေးနိုင်ပြီး သွေးပါဝင်မှု ပမာဏကို မြင့်တင်ပေးပါတယ်။

ဒါ့အပြင် အသားအရေကို စိုပြေဝင်းပစေပါတယ်။ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ပရိုတင်း ဗီတာမင် C စတာတွေပါဝင်ပါတယ်။ အရသာရှိတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို ဒီလိုလုပ်မယ်။

ပါဝင်ပစ္စည်း

  • ခရမ်းချဉ်သီး ၆ ကီလို
  • ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

ပထမဦးဆုံး ခရမ်းချဉ်သီးကို အညှာဖယ်ပြီး ရေနဲ့သေချာဆေးပါ။ ပြီးရင် အပိုင်းပိုင်းဖြတ်လိုက်ပြီး ကြိတ်လိုက်ပါ။ အဲဒီနောက် အိုးတစ်လုံးထဲထည့်ပြီး ဆားနဲ့ သကြားထည့်ကာ မီးအပူ အနေတော်နဲ့ သည်ထားပါ။

တူးမသွားစေဖို့ အဆက်မပြတ်မွှေပးပါ။ ဆူလာပြီဆိုရင် ၁၀ မိနစ်လောက် ဆက်မွှေထားပြီး မီးဖိုပေါ်ကချပါ။ အဲဒီနောက် ရလာတဲ့ခရမ်းချဉ်သီးကို ဖန်ပုလင်းထဲထည့်ပြီး အဖုံးနဲ့ သေချာပိတ်ဆို့ထားပါ။

အေးလာပြီဆိုရင် အေးတဲ့နေရာမှာထားပါ။ အခုလို အိမ်မှာပြုလုပ်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်ဟာ ကျန်းမာရေးအတွက်အထောက်အကူများစွာပြုတာကို လက်တွေ့ခံစားရမှာပါ။ တစ်နေ့ တစ်ခွက်သောက်ပေးပါ။

[Zawgyi]


beefsteak-toms-442408



ပါဝင်ပစ္စည်း

  • ခရမ်းချဉ်သီး ၆ ကီလို

ပြုလုပ်နည်း


