ဒီတခါမှာတော့ အသားဟင်းတွေမဟုတ်ဘဲ နောက်တစ်မျိုးလေးပြောင်းချက်ကြည့်ကြရအောင်နော်။ ငါးခြောက်ကိုကြိုက်သူများအတွက် ဒီဟင်းလျာလေးက အထူးခံတွင်းတွေ့မှာပါ။ ငါးခြောက်ပဲဆိုရင် အရသာသိပ်မဖြစ်မှာစိုးလို့ သရက်သီးလေးတွေကိုလှီးထည့်၊ ငပိနဲ့အရသာထိန်းလိုက်တဲ့အခါ အလွန်ကိုစားရတာ ခံတွင်းမြိန်သွားပြီပေါ့။
ပါဝင်ပစ္စည်း
- ငါးနီတူ – လက်တစ်ဆုတ်ခန့် (ခေါင်းဖြုတ်ရေခနစိမ်ထားပါ)
- သရက်သီး – ၄ လုံး (အခွံသင်အစေ့ဖယ်မထူမပါးလှီးပြီးဆားရည်စိမ်ထားပါ)
- ကြက်သွန်နီ – ၁ လုံး(ပါးပါးလှီး)
- ခရမ်းချဉ်သီးမှည့်မှည့် – ၁လုံး
- ကြက်သွန်ဖြူ – ၁ လုံး (ထောင်းထားပါ)
- ဆီ – ၂ ကျပ်ခွဲသား
- ဆား – ၁ လက်ဖက်ရည်ဇွန်း
- ငရုတ်သီးစိမ်း – ၁၅ တောင့် (ထောင်းထားပါ)
- အရောင်တင်မှုန့် – အနည်းငယ်
- နနွင်းမှုန့် – အနည်းငယ်
- ငပိစိမ်းစား – ၁ ဟင်းစားဇွန်း
ပြုလုပ်နည်း
ဒယ်အိုးထဲ ဆီပူလာလျှင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီသပ်ပြီး နွမ်းလာလျှင် နနွင်းမှုန့်၊ အရောင်တင်မှုန့် ထည့်ပါ။
ခရမ်းချဉ်သီးထည့်မွှေပေးပြီး အိလာလျှင် ငါးနီတူထည့်၊ ငပိစိမ်းစားထည့်ပါ။
ငပိနံ့ ပျောက်လျှင် သရက်သီးထည့်၊ ရေသင့်ရုံထည့်ပြီး အဖုံးအုပ်ထားပါ။
ခဏကြာလျင် သရက်သီးလေးများအိလာလျှင် ငရုတ်သီးထောငိး ထားတာထည့်၊ နံနံပင်အုပ် မီးပိတ်လို့ ရပါပြီ ။ အနံ့ အရသာနှင့် ပြည့်စုံလှတဲ့ ချိုချဉ်ငံစပ် အရသာ နှင့် ရာသီစာ ဟင်းလေးတစ်ခွက် ရပါပြီ။
Credit: Soe Cooking Collection