အရက်သမားဟင်းချိုဆိုတဲ့ အစားအစာတစ်မျိုးကို စားသောက်ဆိုင် တော်တော်များများမှာ ရောင်းချနေတာကို ကြားဖူးနားဝရှိတဲ့သူတွေလည်း ရှိသလို အရသာရှိတဲ့အတွက်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်စားသုံးသူတွေလည်း ရှိနိုင်ပါတယ်။

ဒီတစ်ခါမှာတော့ ထိုအရက်သမားဟင်းချိုနဲ့ နာမည်ဆင်တူပြီး အမျိုးအစားကွဲတဲ့ အရက်သမား ခေါက်ဆွဲကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သား ၁၂ အောင်စ (၃၄၀ ဂရမ်)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ခေါက်ဆွဲပြား ၈ အောင်စ (၂၂၅ ဂရမ်)
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ရေနွေးပူ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောထားပါ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ကြက်သွန်မြိတ် ၃ မြွှာ၊ ကြက်သွန်နီ ၂ ဥ နှင့် ဂျင်းအနည်းငယ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (၃ လက်မအရှည် လှီးဖြတ်ထားပါ)
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့် နှင့် ငရုတ်သီး ၄ တောင့် (အစေ့ဖယ်ရှားထားပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ပြောင်းဖူးအသေး ၅ ခု ၆ ခုခန့် (ထက်ခြမ်း ခြမ်းထားပါ)
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည်၊ ဆီ၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။

၂။ ခေါက်ဆွဲပြားကို ရေနွေးပူထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် စိမ်ထားပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ ဆယ်ယူထားလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် သကြားညို (ရေနွေးပူဖြင့် သမအောင် ရောနှောထားပါ)၊ ပဲငံပြာရည် အကြည်နှင့် အနောက်၊ ငါးငံပြာရည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ဂျင်းထည့်ပါ။ စက္ကန့်အနည်းငယ်ကြာ မွှေပြီးတဲ့နောက်မှာ ကြက်သွန်နီထည့်ပါ။ စက္ကန့် (၂၀) ကြာတဲ့အခါ ငရုတ်သီးတောင့်၊ ပင်စိမ်းရွက်၊ ပြောင်းဖူးနှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် မွှေပေးရပါမယ်။

၆။ စက္ကန့် (၂၀) ကြာ မွှေပြီးတဲ့နောက်မှာ ခေါက်ဆွဲပြားများထည့်ပြီး ခေါက်ဆွဲများ နွေးလာသည်အထိ တစ်မိနစ်ခန့် မွှေကြော်ပေးရပါမယ်။

၇။ ထို့နောက် အဆင့် (၃) က ပြုလုပ်ထားသော ဆော့စ်များကို ဒယ်အိုးထဲလောင်းထည့်ပြီးနောက် ခေါက်ဆွဲများ အရောင်ညီသွားသည်အထိ တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သားကြော်များထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် အဆက်မပြတ် မွှေကြော်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အရက်သမား ခေါက်ဆွဲကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source : Thewoksoflife.com