အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပဲတောင့်ရှည် အသားတောက်တောက်စဉ်းကို အခြောက်ကြော်ဘယ်လိုကြော်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ပဲတောင့်ရှည် ၁ စည်း
- ဆီ အနည်းငယ်
- ငရုတ်ကောင်းအနည်းငယ်
- ဂျင်း တောက်တောက်စဉ်းအနည်းငယ်
- ကြက်သွန်ဖြူ ၃ မွှာ တောက်တောက်စဉ်း
- ငရုတ်သီးအစပ်သီးခြောက် အနည်းငယ်
- ကြက်သား (သို့) ဝက်သား တောက်တောက်စဉ်း အနည်းငယ်
- ပဲငံပြာရည်အကြည် အနည်းငယ်
- ပဲငံပြာရည်အနှောက် အနည်းငယ်
- သကြား၊ ဆားအနည်းငယ်
အရင်ဆုံး ဆီကိုအပူပေးလိုက်ပါ။ ပြီးရင်တော့ ပဲသီးကိုအရင် အခြောက်လေးကြော်လိုက်ပါ။
ပဲသီးတွေကိုဆယ်ထားလိုက်ပါ။
ဆီထဲမှာ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကိုထည့်ပြီး ကြော်ပေးပါ။
အသားထည့်ကြော်ပေးပါ။
ပြီးရင်တော့ ပဲသီးကြော်ထားတာကိုထည့်လိုက်ပါ။ ဆားလေးနည်းနည်းထည့်လိုက်ပြီး သကြားနည်းနည်းထည့်ပါ။
သေချာလေး သမအောင်မွှေကာ ဘေကာ်ပေးပြီးရင်တော့ ထမင်းပူပူလေးနဲ့ သုံးဆောင်လို့ရပါပြီနော်။
Source: www.thewokoflife.com
By: MyFood Myanmar